6.8
66,792
...

Video Quality

Blu-ray 1080p

Audio Quality

DTS HDMA 7.1

File Size

3.3 GB

Credit

500

Storks (2016)

Animation, Adventure, Comedy

Credits 500

ပရိသတ်တွေအကြီးအကျယ်အားပေးခဲ့တဲ့ The Lego Movie ကာတွန်းရုပ်ရှင်ဇာတ်ကားကြီးနဲ့အတူ အနားယူနေရာကနေ ပြန်လည်အသက်ဝင်လာခဲ့တဲ့ Warner Animation Group ရဲ့ဒုတိယမြောက်ကာတွန်းရုပ်ရှင်ဇာတ်ကားကြီးဖြစ်ပါတယ်။နာမည်ကြီးဟာသရုပ်ရှင် Forgetting Sarah Marshall ကိုရိုက်ကူးပေးထား သလို လက်ရှိအချိန်မှာလည်း Neighbors 2: Sorority Rising ဟာသဇာတ်ကားကိုရိုက်ကူးပေးနေတဲ့ ဒါရိုက်တာ Nicholas Stoller နဲ့ Pixar ရဲ့ Animated Short Film တွေထဲကနာမည်အကြီးဆုံးတစ်ခုဖြစ်တဲ့ Presto ( မျက်လှည့်ဆရာနဲ့သူ့ကိုမုန်လာဥမကျွေးလို့ပြပွဲမှာ ပြဿနာရှာတဲ့ယုန်ကလေးတို့ရဲ့ဟာသဇာတ်လမ်းဖြစ်ပါတယ်) ကိုဖန်တီးရိုက်ကူးပေးထားတဲ့ Doug Sweetland ( သူ့အတွက်ဒါရိုက်တာအဖြစ်ပွဲဦးထွက်လာတဲ့လက်ရာပါ ) တို့ကပူးပေါင်းရိုက်ကူးပေးထားတာဖြစ်ပါတယ်။ Hotel Transylvanian ဇာတ်ကားတွေမှာ ဂျိုနသန်အဖြစ်အသံသရုပ်ဆောင်ထားတဲ့ Andy Samberg ကအဓိကဇာတ်ကောင် ဌက်ကြား ဂျူနီယာရဲ့နေရာမှာ အသံသရုပ်ဆောင်ပေးလာမှာဖြစ်ပါတယ်။ပရိသတ်တွေအနေနဲ့ငှက်ကြားတွေက ကလေးငယ်လေးတွေကိုချီချီလာပြီးမိခင်တွေဆီကို ပေးပို့ပေးတဲ့ဇာတ်ဝင်ခန်းတွေကိုမြင်တွေ့ဖူးကြမှာပါ။ ဒါဟာဥရောပတိုက်ကစတင်ခဲ့တဲ့ယူဆချက်လေးဖြစ်ပြီး ဒီဇာတ်ကားကတော့အဲဒီအကြောင်းလေးကိုစိတ်ကူးပုံဖော်ရိုက်ကူးထားတဲ့ဇာတ်ကားလေး ဖြစ်ပါတယ်။ ယခင်ကတည်းကကလေးတွေကိုပို့ဆောင်ပေးခဲ့တဲ့ ငှက်ကြားတွေဟာယခုအချိန်မှာတော့ ကလေးပို့ဆောင်ပေးတဲ့အလုပ်ကိုလုပ်ငန်းကြီးတစ်ခုအနေနဲ့ဖန်တီးထားနိုင်ခဲ့ပြီဖြစ်ပါတယ်။တစ်ရက်မှာတော့ ဂျူနီယာလို့အမည်ရတဲ့ ငှက်ကြားဟာညွှန်ကြားချက်မရဘဲကလေးတစ်ယောက်ကိုဖန်တီးမိလိုက်တာကြောင့် ဒီပြဿနာကိုဘယ်သူမှမသိရှိခင်ကြိတ်ဖြေရှင်းဖို့ ကြိုးစားရပုံကိုရိုက်ကူးပုံဖော်ထားတဲ့ ကာတွန်းဇာတ်ကားကောင်းလေးတစ်ကားဖြစ်ပါတယ်။ ရုပ်ရှင်ပရိတ်များ ျမြင်ခံစားနိုင်စေရန် တင်ဆက်ပေးလိုက်ရပါတယ်။