7.9
728,259
...

Video Quality

Blu-ray 1080p

Audio Quality

DTS 5.1

File Size

3.2 GB

Credit

200

Edge of Tomorrow (2014)

Action, Adventure, Sci-Fi

Credits 200

ဒီဇာတ်ကားလေးက ၂၀၁၄ခုနှစ်မှာထွက်ရှိခဲ့တဲ့ မင်းသားကြီး Tom Cruise ရဲ့ Action, Adventure, Sci-Fi အမျိုးအစားဇာတ်ကားလေးပါ။ ဇာတ်လမ်းအကျဉ်းကတော့ အာကာသထဲက ဂြိုလ်သားတွေဟာ ဥရောပတစ်ခွင်ကို ကျူးကျော်လာခဲ့ပြီး နိုင်ငံတော်တော်များများဟာ ဂြိုလ်သားတွေရဲ့လက်ထဲမှာ ကျရှုံးသွားပါတယ်။ ငါးနှစ်လောက်ကြာပြီးတဲ့အချိန်မှာ အထူးဝတ်စုံတွေကိုတီထွင်လာနိုင်ခဲ့ပြီး ဂြိုလ်သားတွေနဲ့မဆုံးနိုင်တဲ့တိုက်ပွဲတွေဆက်ဖြစ်နေခဲ့တာပေါ့။ အဲဒီအချိန်မှာပဲ ကေ့ဂျ်ဟာ စစ်ဆင်ရေးမှာ အဓိကတာဝန်ရှိသူဖြစ်တဲ့ ဗိုလ်ချုပ်ကိုတွေ့ဖို့ လန်ဒန်ကိုရောက်လာခဲ့ပြီး ဗိုလ်ချုပ်က ကေ့ဂျ်ကို ဒေါင်းဖောစစ်ဆင်းရေးမှာ ပါဝင်ဖို့တိုက်တွန်းခဲ့ပေမယ့် ကေ့ဂျ်ကတော့ ငြင်းဆန်ခဲ့ပါတယ်။ ဒါပေမဲ့ ဗိုလ်ချုပ်က ကေ့ဂျ်ကို ချောင်ပိတ်ပြီး စစ်ဆင်းရေးမှာပါဝင်ဖို့ အတင်းစေလွတ်လိုက်ပါတော့တယ်။ ဒီလိုနဲ့ တိုက်ပွဲအတွေ့အကြုံလုံးဝမရှိတဲ့ကေ့ဂျ်ဟာ ဒေါင်းဖောစစ်ဆင်ရေးမှာပါဝင်ပြီး ဂြိုလ်သားတွေနဲ့ ဘယ်လိုရင်ဆိုင်မလဲဆိုတာကို စိတ်ဝင်တစားကြည့်ရှုခံစားရမယ့် ဇာတ်ကားလေးတစ်ကားဖြစ်ပါတယ်။ ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်သူကတော့ MCEC ဖြစ်ပါတယ်