ကမ္ဘာမြေပေါ်ကို ပြန်လည်ဆင်းသက်လာတဲ့ အာကာသယာဉ်ပျံပေါ်မှာ ပရော့ဆီမာ ဘီ က နမူနာတွေကို
ယူဆောင်လာပြီး ကမ္ဘာပေါ်က သိပ္ပံပညာရှင်တွေကို ဆန်းစစ်ကြည့်ခိုင်းတဲ့အခါ ... ယူဆောင်လာတဲ့
နမူနာတွေက အသက်ရှိနေတာကို သိလိုက်တဲ့အချိန်မှာ နမူနာထည့်ထားတဲ့ဖန်ပြွန်တစ်ခုက
သိပ္ပံပညာရှင်တစ်ဦးနဲ့တိုက်မိပြီး ကျကွဲသွားပါတော့တယ်။ သူတို့ဓာတ်ခွဲခန်းတည်ရှိရာအထပ်ကို
ချက်ချင်းပိတ်လိုက်ပေမယ့် အဆောက်အအုံတစ်ခုလုံးကို ယင်းသက်ရှိဒြပ်စင်တွေက လွတ်ထွက်သွားတဲ့အခါ
ဘာတွေဆက်ဖြစ်ကြမလဲဆိုတာကို ကြည့်ရှုရမှာပဲ ဖြစ်ပါတယ်။
Alien လို့ဆိုထားပေမယ့် အခြားဂြိုဟ်သားရုပ်ရှင်တွေထဲကလို အကျိအချွဲတွေနဲ့ ပုံပျက်ဆင်းပျက်
အကောင်မျိုးကို မြင်တွေ့ရမှာ မဟုတ်ဘဲ နာနိုဘော့လိုမျိုး စက်ရုပ်လိုသတ္တဝါမျိုးအဖြစ် ပြောင်းလဲသွားပြီး
လူသားတွေကို ရန်ပြုလာတာကို မြင်တွေ့ရမှာပါ။
(အညွှန်းရေးသားသူနဲ့ ဘာသာပြန်သူကတော့ Leon K Zaw ဖြစ်ပါတယ်။)