3.1
4,996
...

Video Quality

Blu-ray 1080p

Audio Quality

DTS 5.1

File Size

2.7 GB

Credit

200

Survive the Game (2021)

Action, Thriller

Credits 200

မင်းသားကြီး Bruce Willis ရဲ့ အသစ်ထွက် Action ကားကောင်းနဲ့ မိတ်ဆက်ပေးချင်ပါတယ် သူက ဇာတ်လမ်းထဲမှာ ဒေးဗစ်ပါ ၊ စုံထောက်တစ်ယောက်ပေါ့ ၊ သူနဲ့ သူ့ရဲ့ လူငယ်ပါတနာ ကယ်လ်ဟာ ဆေးဝါးကုန်ကူးနေကြတဲ့ လူဆိုးဂိုဏ်းတစ်ဂိုဏ်းကို ခြေရာခံခဲ့ကြတာ နှစ်နဲ့ချီနေပြီပဲ ဖြစ်ပါတယ် ၊ နောက်ဆုံးတော့ သူတို့တွေကို ဖမ်းမိနိုင်မယ့်အခွင့်အရေး ရလာပါတယ် ၊ သူတို့နှစ်ဦးဟာ လူဆိုးဂိုဏ်းနဲ့ ပစ်ကြခတ်ကြရင်း ဒေးဗစ်က ဒဏ်ရာရပြီး လူဆိုးဂိုဏ်းလက်ထဲမှာ ကျန်ခဲ့ကာ ကယ်လ်ကတော့ ထွက်ပြေးသွားတဲ့ လူဆိုးတွေနောက်ကို လိုက်ရင်းနဲ့ ခြံကြီးတစ်ခြံထဲကို ရောက်သွားတာပေါ့ အဲဒီခြံပိုင်ရှင်ကတော့ မကြာသေးမီက ချစ်လှစွာ‌သော ဇနီးနဲ့ သမီးကို ဆုံးရှုံးထားရတဲ့ အဲရစ်ပဲ ဖြစ်ပါတယ် ၊ နောက်တော့ ကျန်တဲ့ လူဆိုးတွေပါ အဲဒီခြံထဲ ရောက်လာလို့ ကယ်လ် နဲ့ ‌အဲရစ်ဟာ ခြံကြီးထဲမှာ ပတ်ပြေးနေရပါတော့တယ် ၊ ဇနီး နဲ့ သမီးကို ဆုံးရှုံးထားရလို့ အသက်ရှင်နေရတာ အဓိပ္ပါယ်မရှိသလို ဖြစ်နေတဲ့ အဲရစ် နဲ့ ဒေး‌ဗစ်ရဲ့ ပါတနာ ကယ်လ် တို့ နှစ်ဦး ပေါင်းပြီး လူအများကြီးရှိတဲ့ လူဆိုးဂိုဏ်းရဲ့ လက်ကနေ ဒေးဗစ်ကို ဘယ်လို ကယ်ထုတ်ကြမလဲ ၊ ဒီလူဆိုးဂိုဏ်းရဲ့ လက်ထဲကနေ လွတ်အောင် ဘယ်လိုကြိုးစားကြမလဲ ၊ သူတို့ရဲ့ လုပ်ရပ်တွေကို ဖော်ထုတ်ပြီး အပြစ်ပေးနိုင်ပါ့မလားဆိုတာကိုတော့............ အညွှန်း နဲ့ ဘာသာပြန် Scarlett Hsu ဖြစ်ပါတယ်