5.8
114,670
...

Video Quality

Blu-ray 1080p

Audio Quality

DTS 5.1

File Size

2.8 GB

Credit

200

Not Another Teen Movie (2001)

Comedy

Credits 200

တစ်ကားလုံးမပျင်းမရိနဲ့ ရယ်နေရတဲ့ အမေရိကန်ကျောင်းသားဟာသရုပ်ရှင်တစ်ကားနဲ့ မိတ်ဆက်ပေးပါရစေ။ Captain America မင်းသား အဖြစ် လူသိများတဲ့ ဟောလိဝုဒ်မင်းသားချော Chris Evans ငယ်စဥ်က ပါ၀င်သရုပ်ဆောင်ထားတဲ့ ကျောင်းသားကားလေးပါ။ ကျောင်းမှာနာမည်ကြီးတဲ့ လူချောလေးဂျိတ်ခ်၊ အမြဲဖိုသီဖတ်သီနဲ့ မှန်ကြောင်မလေးဂျေနီ၊ သူ့ကိုချစ်ရှာတဲ့ သူငယ်ချင်းကောင်လေးရစ်ကီ၊ ဂျိတ်ခ်ရဲ့ အလှပဂေးရည်းစားဟောင်း၊ ဂျိတ်ခ်ရဲ့သူငယ်ချင်းအော်စတင်တို့အပါအ၀င် ဆယ်ကျော်သက်ဇာတ်ကောင်များစွာနဲ့ ခပ်မြူးမြူးရိုက်ကူးထားပါတယ်။ ဂျိတ်ခ်နဲ့အော်စတင် အလောင်းအစားတစ်ခုလုပ်မိကြရင်း ဂျိတ်ခ်ဟာ‌ ဂျေနီကို ကျောင်းကပွဲဘုရင်မတစ်ပါးလို အ‌သွင်ပြောင်းပေးရဖို့ဖြစ်လာပါတယ်။ အစကသူအထင်‌သေးခဲ့တဲ့ ဂျေနီနဲ့တကယ်အနီးကပ်နေကြည့်မှ ဂျိတ်ခ်တစ်ယောက်ဂျေနီ့ကို တဖြည်းဖြည်းငြိတွယ်လာပါတယ်။ တစ်ဖက်မှာလည်း လူ‌ပျိုဖော်၀င်စ စကီလိုက်ရှာနေကြတဲ့ ဂျေနီရဲ့မောင်လေးမစ်ခ်ျတို့ သူငယ်ချင်းတစ်သိုက်ဟာ သုံးယောက်ပေါင်းလောင်းကျော်ပြီး အမျိုးမျိုးမွှေကြပြန်ပါတယ်။ ဒါ့ပြင် ဂျိတ်ခ်ရဲ့အလွဲလွဲအချော်ချော်အပြုအမူတွေ၊ တခြားဆယ်ကျော်သက်ပေါင်းစုံရဲ့ အမွှေဇယားတွေဟာ ဘယ်လိုတောင်ရယ်ရွှင်စရာကောင်းမလဲဆိုတာ ကိုယ်တိုငိကြည့်ရှုလိုက်ပါတော့နော်။ (18+ ဟာသတွေ အတော်လေးပါ၀င်ကြောင်းကိုလည်း ကြိုတင်သတိပေးထားပါရစေနော်။) ဇာတ်ကားအညွှန်းနဲ့ဘာသာပြန်သူကတော့ Scarlett-Joe ဖြစ်ပါတယ်