7.3
396,244
...

Video Quality

Blu-ray 1080p

Audio Quality

DTS 5.1

File Size

3.9 GB

Credit

200

Face/Off (1997)

Action, Crime, Sci-Fi

Credits 200

1997 ခု နှစ်မှာ ထွက်ရှိခဲ့တဲ့ Face Off ဇာတ်ကားကို ဒါရိုက်တာ John Woo က ရိုက်ကူးထားပြီး မင်းသားနှစ်လက်ဖြစ်တဲ့ Nicolas Cage နဲ့ John Travolta တို့က သရုပ်ဆောင်ထားပါတယ် ဇာတ်လမ်းအစမှာတော့ နီကိုလပ်ကေ့စ် က ဗီလိန် လူဆိုးနေရာကနေသရုပ်ဆောင်ထားပါတယ် ရာဇဝတ်မှုတွေနဲ့ အလို ရှိနေတဲ့ ကတ်စတာ ( Nicolas Cage) ကို FBI Agent တစ်ယောက်ဖြစ်တဲ့ ဆမ်အာချာ က လိုက်နေပါတယ်..ကတ်စတာ ဟာ ထွက်ပြေးရင်းနဲ့ လေယာဉ်ပျက်ကျခဲ့ပြီးတော့ သေလုနီးပါးထိ ဖြစ်ခဲ့ပါတယ်..အဲ့ဒီနောက်မှာတော့ FBI မှာ နောက်ထပ်ပြသနာတစ်ခုကြုံတွေ့လာ ပါတော့တယ်..ကတ်စတာ ရဲ့ညီ ဆင်ထားခဲ့တဲ့ ဗုံးကိုသတင်းရရှိခဲ့ပြီးတော့ ဗုံးရဲ့ပေါက်ကွဲအားကို ခန်းမှန်းကြည့်တဲ့အခါ ကြောက်စရာကောင်းအောင်ပြင်းထန်နေတာမို့..ကတ်စတာရဲ့ ညီကို ဗုံးအကြောင်းမေးမြန်းပါတော့တယ်..ဘယ်လိုမှမေးမြန်းလို့မရတော့တဲ့အဆုံး FBI က အရာရှိသုံး လေးယောက်နဲ့သာတိုင်ပင်ပြီး သတိမေ့နေတဲ့ ကတ်စတာ ( နီကိုလပ်ကေ့စ် ) ရဲ့ မျက်နှာ အရေပြားကို FBI စုံထောက် ဆမ်အာချာ ရဲ့ မျက်နှာပေါ်မှာတပ်ပြီးတော့ ခွဲစိတ်ပြုပြင်ကာ ထောင်ထဲကို ဆမ်အာချာကို ကတ်စတာ အဖြစ်နဲ့လွှတ်လိုက်ပါတော့တယ်.. ဒီအဖြစ်အပျက်ကို ခွဲစိတ်တဲ့ဆရာဝန်ရယ်..သူ့သူငယ်ချင်းအရာရှိနှစ်ယောက်ရယ်.. ပဲသိပါတယ်..မထင်မှတ်ပဲနဲ့ ကတ်စတာ နိုးလာတဲ့အချိန်မှာတော့ သူ့ရဲ့သူငယ်ချင်းတွေကို ဖုန်းဆက် လှမ်းခေါ်ပြီး ဆရာဝန်ကို ခြိမ်းခြောက်က စုံထောက် ဆမ်အာချာ ရဲ့ မျက်နှာကို သူ့ ပေါ်မှာ တပ်ခိုင်းပါတော့တယ်..ဆရာဝန်မှာလည်း ခြိမ်းခြောက်တာကိုမခံနိုင်လို့ ခွဲစိတ်ပေးပြီးတဲ့အခါမှာတော့ သူ (ကတ်စတာ ခန္ဒာ ကိုယ်..ဆမ်အာချာ မျက်နှာနှင့်သူ ) ဟာ အခြား သိရှိတဲ့ FBI က လူနှစ်ယောက်ကိုပါဖမ်းပြီး ဓါတ်ဆီလောင်းမီးရှို့ကာ ဒီကိစ္စကို လုံးဝအစဖျောက်လိုက်ပါတယ်.ပြီးတဲ့အခါမှာတော့ စုံထောက် ဆမ်အာချာ အဖြစ်နဲ့စတင်ပြီးလှုပ်ရှားပါတော့တယ်…ဒီဇာတ်လမ်းဟာ စာနဲ့အညွှန်းရေးပြရင် အတော်ကိုရှုပ်ပါတယ်..ဇာတ်လမ်းကြည့်ရင်တော့ ရှုပ်ထွေးမှုလည်းမရှိသလို..နားလည်ရလည်းလွယ်ပါတယ်..IMDb Rating က 7.3 ရထားပြီးတော့ Rotten Tomatoes မှာလည်း Tomatometer 91% ထိရရှိထားပါတယ်.. ငယ်ငယ်တုန်းကကြည့်ခဲ့ရတဲ့နီကိုလပ်ကေ့ချ် ရဲ့ ဇာတ်လမ်းကောင်းတစ်ကားသာဖြစ်ပြီး Action ကား စိတ်လှုပ်ရှားစရာဇာတ်ကားတွေကြိုက်တဲ့သူတွေအတွက် ကြည့်သင့်တဲ့ ဇာတ်ကားကောင်းတစ်ကားဖြစ်ကြောင်းအသိပေးလိုက်ပါတယ်..