7.3
18,252
...

Video Quality

Blu-ray 1080p

Audio Quality

DTS 5.1

File Size

2.4 GB

Credit

200

Project A (1983)

Action, Adventure, Comedy

Credits 200

ဒီကားလေးကတော့ မင်းသားကြီးဂျက်ကီချန်းက ရေတပ်တပ်ကြပ်ကြီး မာယွီလုံ(နဂါး)အဖြစ် ပါဝင်သရုပ်ဆောင်ထားတဲ့ အက်ရှင်ဟာသကားလေးပဲဖြစ်ပါတယ် ဇာတ်လမ်းအကျဥ်းကတော့ လိုဆန်ပေါဦးဆောင်တဲ့ ပင်လယ်ဓားပြတွေကို ဖမ်းကြမယ်ဆိုတဲ့ ဟောင်ကောင်ရေတပ်က တစ်ခါမှ မိအောင်မဖမ်းနိုင်ပဲ စစ်တပ်ရဲ့ ရန်ပုံငွေကိုပဲ ထိုင်ဖြုန်းနေသလို ဖြစ်နေပါတယ်။ ရေတပ်က ရန်ပုံငွေတွေ ယူသုံးသွားလို့ ရဲတွေအတွက် လစာတိုးမပေးနိုင်ဖြစ်နေတာနဲ့ ရဲတွေကလည်း မကျေနပ်ကြပါဘူး။ အဲဒီလိုနဲ့ ပင်လယ်ဓားပြတွေကိုဖမ်းဖို့ သင်္ဘောမထွက်ခင်ည အရက်ဆိုင်မှာ ရဲဘက်ကလူတွေနဲ့ ရန်ဖြစ်ပြီး အားလုံး အဖမ်းခံလိုက်ရပါတော့တယ်။ နောက်နေ့မနက် သင်္ဘောထွက်မယ်ဆိုတော့လည်း သူတို့ရဲ့သင်္ဘောတွေက အဖောက်ခွဲခံလိုက်ရပြန်ရော။ အဲဒီလိုနဲ့ ပြဿနာတွေချည်းပဲရှာနေတဲ့ ရေတပ်ဖွဲ့ကို ဖျက်သိမ်းလိုက်ပါတော့တယ်။ ရေတပ်သားတွေကတော့ ရဲအဖြစ်ကို ပြောင်းလိုက်ရတာတော့တယ်။ တပ်ကြပ်ကြီးမာယွီလုံအပါအဝင် ကျန်တဲ့ရေတပ်သားတွေက ဘယ်လိုနေသားကျအောင် နေကြရမလဲ၊ ပင်လယ်ဓားပြတွေကိုရော အဆုံးထိ မဖမ်းနိုင်တော့ဘူးလားဆိုတာကို ရယ်ရင်းမောရင်းနဲ့ ဒီကား‌လေးမှာ ကြည့်နိုင်မှာဖြစ်ပါတယ် ဒီဇာတ်ကားအတွက်အညွှန်းနဲ့ ဘာသာပြန်သူကတော့ Maria ဖြစ်ပါတယ်။