7.8
217,155
...

Video Quality

Blu-ray 1080p

Audio Quality

DTS HDMA 7.1

File Size

9.4 GB

Credit

500

Straight Outta Compton (2015)

Biography, Drama, History

Credits 500

App ထဲကနေ Movie Request လုပ်ထားတဲ့ကားတွေထဲက တစ်ကားဖြစ်တဲ့ Straight Outta Compton လေးကိုဘာသာပြန်တင်ဆက်ပေးလိုက်ပါတယ် ဒီတစ်ခါမိတ်ဆက်ပေးချင်တဲ့ဇာတ်ကားလေးကတော့ ၂၀၁၅ ခုနှစ်မှာထွက်ရှိခဲ့တဲ့ Biography, Drama, History အမျိုးအစားဖြစ်ပြီး NWA ရက်ပ်ဂီတအဖွဲ့ရဲ့ အကြောင်းကို အသေးစိတ်ဖော်ပြထားတဲ့ဇာတ်ကားလေးဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့ ကမ်တန်မြို့လေးက ရက်ပ်ဂီတကိုဝါသနာပါတဲ့လူငယ်တချို့ဟာ မူးယစ်ဆေးရောင်းတဲ့ဘော်ဒါရဲ့မတည်မှုနဲ့ သီချင်းတစ်ပုဒ်ဖန်တီးလိုက်ရာက ထင်မှတ်မထားလောက်အောင်ပေါက်သွားခဲ့ပြီး နာမည်ကြီးသွားခဲ့ပါတယ်။ ဒီလိုအချိန်မှာ ဂျယ်ရီဆိုတဲ့လူတစ်ယောက်က သူ့ကိုမန်နေဂျာနေရာပေးရင် NWA အဖွဲ့ကို တရားဝင်ဖြစ်အောင်လုပ်ပေးမယ်လို့ ကမ်းလှမ်းလာပါတော့တယ်။ အသက်ငယ်ငယ်လေးနဲ့ အရမ်းကိုအောင်မြင်လာခဲ့တဲ့ NWA အဖွဲ့ဟာ ငွေတွေရလာတာနဲ့အမျှ ဆေးချ၊ စော်ပွေနဲ့ ကဲချင်တိုင်းကဲနေကြတော့တာပေါ့။ အဲဒီငွေကြောင့်ပဲ NWA အဖွဲ့ဟာ တစ်စစီပြိုကွဲသွားပြီး တစ်ကိုယ်တော်ရပ်တည်ရတဲ့အခြေအနေမျိုးရောက်သွားခဲ့ပြီး ကတုံးပေါ်ထိပ်ကွက်ချင်တဲ့ လူတွေနဲ့လည်းကြုံတွေ့ခဲ့ရပါတယ်။ အဲဒီခေတ်အခါတုန်းက လူဖြူတွေက လူမည်းတွေကို အသေနှိပ်ကွပ်နေတဲ့အချိန်ပေါ့။ လမ်းပေါ်မှာ လူမည်းတစ်ယောက်တွေ့နဲ့ ရဲတွေက မြေပေါ်မှောက်ခိုင်းပြီး စစ်လားဆေးလားလုပ် ပြီးရင် မသင်္ကာရင် ထောင်ထဲဆွဲထည့်နေတဲ့ အချိန်ကာလမျိုးမှာ လူမည်းလူငယ်တွေနဲ့ဖွဲ့စည်းထားတဲ့ NWA ရက်ပ်ဂီတအဖွဲ့ဟာ အခက်အခဲတွေကြားထဲမှာ ဘယ်လိုရုန်းကန်ခဲ့ရလဲဆိုတာကို အသေးစိတ်ဖော်ပြထားသလို နောက်ခံသီချင်းတွေကလည်း GTA ဂိမ်းကို သတိရသွားစေမှာဖြစ်လို့ လက်လွှတ်မခံသင့်တဲ့ ဇာတ်ကားလေးအဖြစ် ညွှန်းဆိုပေးချင်ပါတယ်။ (မှတ်ချက်။ ကြမ်းတမ်းတဲ့စကားလုံးအသုံးအနှုန်းတွေ၊ Nude Sense တွေ တော်တော်များများ ပါဝင်တဲ့အတွက် မိသားစုနဲ့အတူမကြည့်သင့်ပါဘူး) ဒီဇာတ်ကားကိုအညွန်းနဲ့ဘာသာပြန်ပေးသူကတော့ MCEC ဖြစ်ပါတယ်