အခု Version က အရင်တင်ဖူးတာထက် Extended ဖြစ်ပီး အရုပ်ကော အသံကောပိုကောင်းအောင်လုပ်ပေးထားပါတယ်
ဂျူယွန်းဆိုတဲ့မိန်းကလေးဟာ လမ်းမှာကားဘီးပေါက်လို့ ကားဆွဲမဲ့ကားကိုစောင့်ရင်း သူ့သတို့သားလောင်းနဲ့ဖုန်းပြောနေခဲ့ပါတယ်။ သူ့ကားတံခါးမှန်ကိုခေါက်တဲ့အသံကြားလို့ကြည့်လိုက်တော့ ဦးလေးကြီးတစ်ယောက်က ကားဘီးပေါက်တာကိုကြည့်ပေးမယ်ဆိုပြီး ဇွတ်လုပ်နေပါတယ်။ သူ့သတို့သားလောင်းကလည်း အပြင်မထွက်ဖို့ ဖုန်းထဲကနေသတိပေးပြီး အလုပ်ချိန်ရှိလို့ဖုန်းချသွားပါတယ်။ ဂျူယွန်းကဘာမှမဖြစ်ဘူးလို့ငြင်းလိုက်တော့ အဘိုးကြီးက သူ့ကားဆီပြန်သွားပြီး တူယူလာပြီး ကားမှန်တွေရိုက်ခွဲပြီး ဂျူယွန်းကိုတစ်ရွတ်တိုက်ဆွဲသွားပါတယ်။ နောက်တစ်ရက်ကျ ရဲတွေက ဂျူယွန်းကိုလိုက်ရှာကြတဲ့အချိန် ဘာတွေတွေ့ရမလဲ?
ဒီကားလေးမှာ သွေးထွက်သံယိုတွေပါတာကိုတော့ သတိချပ်စေချင်ပါတယ်။
ဒီကားကိုအညွှန်းနဲ့ဘာသာပြန်ဆိုသူကတော့ Huihui ဖြစ်ပါတယ်။