5.5
76,359
...

Video Quality

Blu-ray 1080p

Audio Quality

DTS 5.1

File Size

2.9 GB

Credit

200

Mortdecai (2015)

Action, Adventure, Comedy

Credits 200

မင်းသားကြီး ဂျော်နီဒပ် (Johnny Depp) ကိုယ်တိုင် ရိုက်ကူး သရုပ်ဆောင်ထားတဲ့ အမေရိကန် ဟာသ အက်ရှင် ဇာတ်ကားသစ် အကြောင်း တင်ပြပေးလိုက် ပါတယ်။ နှုတ်ခမ်းမွေး အကောက် နဲ လော့ဒ်ချာလီမော့ဒီကိုင် ဟာ ထူး ခြားတဲ့ အနုပညာ လက်ရာ တွေကို အရောင်းအဝယ် လုပ်တဲ့ လူကြီးလူကောင်း တစ်ယောက် ဖြစ်ပါတယ်။ လူဆိုး ဂိုဏ်းဝင် ဖန်ဆို သူကို ရှားပါး ပန်းအိုး တစ်လုံး ရောင်းဖို့အတွက် ဟောင်ကောင်က ကာစီနို ရုံကို သွားခဲ့ပါတယ်။ ဒေါ်လာ တစ်သန်းတန် ပစ္စည်းကို သုံးသန်းနဲ့ ရောင်းခဲ့တာ သိသွားတဲ့ ဖန် က မော့ဒီကိုင် ရဲ့ လက်ချောင်းတွေကို ဖြတ်ယူ နိုင်မှပဲ ကျေနပ် နိုင်မယ့် အခြေအနေ ဖြစ်သွားခဲ့ပါတယ်။ အဲဒီနောက် လန်ဒန် က အိမ်ကို ပြန်သွားခဲ့တဲ့ မော့ဒီကိုင် ကို နှုတ်ခမ်းမွေး ရှည်လာတဲ့ ကိစ္စရယ် လူယုံ ဖြစ်တဲ့ ဂျော့ခ် ကောင်းကြောင်းတွေ ပြောလွန်းတာကြောင့် ဇနီးဖြစ်သူ ဂျိုဟန်နာ သံသယ ဝင်ပါတော့တယ်။ အမျိုးသမီး ပုံပါတဲ့ ရှားပါး ပန်းချီကား တစ်ချပ် ခိုးယူခံရမှု ဖြစ်ပွားခဲ့တာကြောင့် အင်စပက်တာအလီစတယ်မာ့လန်းဟာ စုံစမ်း ထောက်လှမ်း နေခဲ့ပြီး မော့ဒီကိုင် ဆီကိုပါ သွားရောက် စုံစမ်းခဲ့ပါ တယ်။ အဲဒီကို သွားတဲ့အခါ စုံထောက် မာ့လန်း သူ ကောလိပ်ကျောင်းသား ဘဝကတည်းက စွဲလမ်းခဲ့တဲ့ ချစ်သူ ဂျိုဟန်နာ နဲ့ ပြန်တွေ့ခဲ့ပါတယ်။ အဲဒီနောက်တော့ မော့ဒီကိုင် နဲ့ သူ့ လူယုံ ဂျော့ခ် တို့ကို ပန်းချီကား ပြန်ရှာဖွေစေတဲ့ အခါ ဘာတွေ ဆက်ဖြစ်ဦးမှာလဲ။ လျှို့ဝှက်ချက် တွေ ရှိ နေတဲ့ ပန်းချီကား ကိုကော ဘယ်သူ ခိုးသွား ခဲ့တာလဲ။ ဂျိုဟန်နာရဲ့ ရည်းစားဟောင်းကြောင့် သူတို့ ဇနီးမောင်နှံ ရဲ့ ဆက်ဆံရေး ဘယ်လို ဖြစ်သွားမလဲ ဆိုတာ အလွဲ တွေကြားက ရယ်မောရင်း ကြည့် လိုက်ကြပါဦး။