6.4
1,972
...

Video Quality

Blu-ray 1080p

Audio Quality

DTS 5.1

File Size

4.1 GB

Credit

200

The Legend of Suriyothai (2001)

Action, Adventure, Biography

Credits 200

ထိုင်းသမိုင်းကြောင်းထဲက မင်းသမီး ဆူရီယိုထိုင်းအကြောင်းကို ပုံဖော်ထားတဲ့ကားဆိုပေမယ့် ထိုင်းနိုင်ငံအတွင်းမှာ ပြိုကွဲနေတာတွေနဲ့ အဓိကက ဗမာဘုရင်နဲ့ စစ်ဖြစ်တဲ့အကြောင်းကို ရိုက်ထားတာပါ။ မင်းသမီးဆူရီယိုထိုင်းဟာ ငယ်စဉ်ထဲက သူ့နိုင်ငံနဲ့လူမျိုးကို ကာကွယ်ချင်စိတ်ပြင်းတဲ့သူပါ။ သူမက ငယ်စဉ်ထဲက ကစားဖော် သခင်ပီရန်နဲ့ အရွယ်ရောက်တဲ့အခါ ချစ်ကျွမ်း၀င်ခဲ့ပါတယ်။ ဒါပေမယ့် ဆင်ဖမ်းပွဲတစ်ခုမှာ မင်းသားတီရန်က သူမကိုတွေ့ပြီး စုံမက်တဲ့အတွက် လက်ဆက်ဖို့ တောင်းခံခဲ့ပါတယ်။ မင်းသမီးက ချစ်ရတဲ့သူရှိပေမယ့် တိုင်းပြည်အတွင်းမှာ ပဠိပက္ခဖြစ်ပြီး မတည်မငြိမ်ဖြစ်မှာစိုးတဲ့အတွက် လက်ခံလိုက်ရပါတယ်။အဲချိန် တိုင်းပြည်ထဲမှာ ကျောက်ရောဂါကူးစက်နေပြီး ပြည်သူတွေ သေကြပျက်စီးကြပါတယ်။ မင်းကြီးကိုယ်တိုင် ရောဂါခံစားရပြီး နတ်ရွာစံသွားပါတယ်။ ဗမာတပ်တွေကလည်း နယ်စပ်မှာ လာတိုက်နေတဲ့အတွက် ဒုတိယမင်းကြီး ချိုင်ရာဂျက အာဏာသိမ်းပြီး ထီးနန်းဆက်ခံခဲ့ပါတယ်။ ဒါပေမယ့်လည်း ချိုင်ရာဂျရဲ့ မိဖုရားက သူ့ကိုဆက်ပုန်ကန်ဖို့ ကြံစည်ပါတယ်။ သူမက တိုင်းပြည်ကို သူမတို့မင်းဆက်ကလူတွေပဲ အုပ်ချုပ်စေချင်တာပါ။ ဒါကြောင့် ချိုင်ရာဂျကိုအဆိပ်ခတ်ပြီး သူမအကြံကို အကောင်အထည်ဖော်ခဲ့ပါတယ်။ ဆူရီယိုထိုင်းရဲ့ခင်ပွန်းမင်းသားတီရန်ကိုပါ သတ်ဖို့လာပေမယ့် ဘုန်းကြီး၀တ်နေတာဖြစ်ပြီး ချိုင်ရာဂျက အမိန့်ချကာကွယ်ပေးခဲ့တဲ့အတွက် မအောင်မြင်ခဲ့ပါဘူး။ တိုင်းပြည်အတွင်းမှာလည်း စည်းလုံးမှုပြိုကွဲနေပြီး မြောက်ပိုင်းခရိုင်တွေက ဗမာဘုရင်လက်အောက်မှာ သစ္စာခံနေတဲ့အခါ မင်းသမီးဆူရီယိုထိုင်းက လက်ရှိအာဏာရနေတဲ့ မင်းနဲ့မိဖုရားကို လုပ်ကြံဖို့ သခင်ပီရန်ကို ဆက်သွယ်တိုင်ပင်ပါတော့တယ်။ ဆူရီယိုထိုင်းရဲ့ လုပ်ကြံတဲ့အစီအစဉ်‌အောင်မြင်ရဲ့လား။သူမတို့တပ်ဖွဲ့တွေနဲ့ ဗမာဘုရင်ရဲ့တပ်တွေ ရင်ဆိုင်တဲ့အခါ ဘာတွေဆက်ဖြစ်မလဲဆိုတာကတော့ ဆက်လက်အားပေးလိုက်ပါနော်။ ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်သူကတော့ Shune Lai KK ဖြစ်ပါတယ်