4.7
20,195
...

Video Quality

Blu-ray 1080p

Audio Quality

DTS 2.1

File Size

3.5 GB

Credit

50

Brahms: The Boy II (2020)

Drama, Horror, Mystery

Credits 50

၂၀၁၆ ခုနှစ်က ထွက်ရှိခဲ့တဲ့ The Boy ဆိုတဲ့ ဇာတ်ကားကို ရုပ်ရှင်ချစ်သူတွေ ကြည့်ဖူးကြမှာပါ။ အမေရိကန်ကနေ အင်္ဂလန် ဟီးလ်ရှိုင်းယားစံအိမ်ကြီးမှာ ကလေး ထိန်းလာလုပ်တဲ့ ဂရီးတာအီဗန်ရဲ့ ထိတ်လန့်သည်းဖို အဖြစ်အပျက်တွေကို ရိုက်ကူးထားတဲ့ The Boy ဇာတ်ကားရဲ့အဆက် ဇာတ်ကား ဖြစ်ပါတယ်။ ဂျူဒ်ဆိုတဲ့ သားဖြစ်သူရဲ့ စိတ်ကျန်းမာရေးအခြေအနေကြောင့် မိဘတွေဖြစ်ကြတဲ့ ရှောင်နဲ့သူ့ဇနီး လီဇာတို့ဟာ အေးချမ်းတိတ်ဆိတ် တဲ့ နေရာကို ပြောင်းရွှေ့ခဲ့ကြပါ တယ်။ သူတို့မိသားစုပြောင်းရွှေ့ နေထိုင်ကြတဲ့အိမ်က ဟီးလ်ရှိုင်း ယား စံအိမ်ကြီးနားမှာ ရှိပါတယ်။ တစ်နေ့မှာတော့ ဂျူဒ်ဟာ ကလေးတစ်ယောက်အရွယ်ရှိတဲ့ ကြွေထည် အရုပ်တစ်ရုပ်ကို ဟီးလ် ရှိုင်းယားစံအိမ်ကြီးရဲ့ခြံဝင်းထဲက  တစ်နေရာမှာ မြှုပ်နှံထားတာကို  တွေ့ရလို့ တူးဖော်ပြီး အိမ်ကိုယူလာတယ်။ လီဇာတို့ဟာ ဟီးလ်ရှိုင်းယားအိမ်ကြီးရဲ့ အကြောင်းနဲ့ အရုပ်အကြောင်းကို မသိကြတာ ကြောင့် သားဖြစ်သူကို အရုပ်နဲ့ ဆော့ကစား ခွင့်ပြုခဲ့ပါတယ်။ အဲသည်အချိန်ကစပြီး မကောင်းတဲ့ ကံဆိုးမိုးမှောင်ကျမှုတွေ ဖြစ်ပေါ် လာပါတော့တယ် ။ မတော်တဆလိုလို သေဆုံးမှုတွေကိုလည်း ကြုံတွေ့ လာရပါတယ်။ ဂျူဒ်ဟာ သူဘယ်သွားသွားအရုပ်ကို ယူသွားသလို စည်းကမ်း သတ်မှတ်မှုတွေကိုလည်း ပြုလုပ်လာပါတယ်။ ဂျူဒ်အပေါ် အရုပ်က ဘယ်လိုလွှမ်းမိုးနေသလဲ၊ အရုပ်နဲ့ ဂျူဒ်တို့ ဘယ်လိုပတ်သက်ဆက်နွှယ်နေသလဲ၊ လီဇာနဲ့ရှောင်တို့ သည်အခြေအနေတွေကို ဘယ်လို ရင်ဆိုင်ကြမလဲ၊ လူသေမှု လူသတ်မှုတွေကို ဘယ်လို ဖြေရှင်းကြမလဲဆို တာ ကိုတော့ ဖေဖော်ဝါရီ ၂၇ ရက် နေ့ (ကြာသပတေး) နေပြည်တော် အ ဆင့်မြင့်ရုံတွေမှာ ရုံတင်တဲ့အခါမှ သွားရောက်ကြည့်ရှုပြီး အဖြေရှာလိုက်ကြပါ။ Brahms: The Boy II ဇာတ် ကားကို ၂၀၁၆ ခုနှစ်က ထွက်ရှိခဲ့တဲ့ The Boy ဇာတ်ကားကို ရိုက်ကူးခဲ့တဲ့ ဒါရိုက်တာဝီလျံဘရန့်ဘဲလ်ကပဲ ရိုက်ကူးထားတာဖြစ်ပြီး ဇာတ်ညွှန်းကတော့ စတေစီမင်နီးယား ဖြစ်ပါတယ်။ ကေတီဟုမ်းစ်၊ အိုဝိန်ယီယိုမင်း၊ ခရစ္စတိုဖာကွန်ဗာရီတို့က သရုပ်ဆောင်ထားကြ ပြီး ကြာမြင့်ချိန် ၈၆ မိနစ်ရှိ သည် ဇာတ်ကားဟာ Imdb.4.3 ရရှိထား တဲ့ ဇာတ်ကားတစ်ကား ဖြစ်ကြောင်း တင်ပြလိုက်ပါတယ်။ ဒီဇာတ်ကားကိုဘာသာပြန်ပေးသူကတော့ Kyam ဖြစ်ပါတယ်