7.9
175,930
...

Video Quality

Blu-ray 1080p

Audio Quality

AC3 5.1

File Size

2.5 GB

Credit

200

Wonder (2017)

Drama, Family

Credits 200

ကျွန်တော်တို့ငယ်စဉ်ကတည်းကလူ့အသိုင်းအဝိုင်းနဲ့စတင်ထိတွေ့ချိန်မှာ အခက်အခဲမျိုးစုံကြုံတွေ့ရလေ့ရှိပါတယ်။ အခြေအနေအလိုက် ပိုမိုရုန်းကန်ရတဲ့သူတွေရှိသလို သက်တောင့်သက်သာရဲ့ဖြတ်သန်းသွားရသူတွေလည်းရှိပါတယ်။ ဒါပေမယ့် လူတိုင်းဟာကိုယ့်အပူနဲ့ကိုယ်၊ ကိုယ်ပိုင်ဖြေရှင်းစရာပြဿနာတစ်ခုခုကတော့ရှိနေတတ်တာပါပဲ။ ဒါတွေကို သေချာမြင်အောင် ကြည့်နိုင်မယ်ဆိုရင်တော့ အားလုံးသာသူ့နည်းသူ့ဟန်နဲ့တိုင်ပတ်နေတာဖြစ်ပြီး ဘယ်သူရယ်မှ သူဟာပုံမှန်လူ သူဟာပုံမှန်မဟုတ်တဲ့လူရယ်လို့ ရှိတော့မှာမဟုတ်ပါဘူး။ ဒီဇာတ်ကားလေးဟာ လူတိုင်းကြည့်သင့်တဲ့ဇာတ်ကားလေးပါ။ အဓိကဇာတ်ကောင်လေးဖြစ်တဲ့ အော်ဂီဟာမွေးရာပါချို့ယွင်းချက်တွေနဲ့ခွဲစိပ်မှုပေါင်းများစွာပြုလုပ်ခဲ့ရတဲ့ ကလေးတစ်ယောက်။ ပုံမှန်လူတွေရယ်လို့သတ်မှတ်ထားတဲ့သူတွေရှိတဲ့ မျက်နှာအသွင်အပြင်မရှိရှာတဲ့သူတစ်ယောက်။ သူ့မိသားစုလေးမှာ တစ်မိသားစုလုံးကို ရယ်မောပျော်ရွှင်စေပြီး အမြဲတမ်းအားပေးတတ်တဲ့အဖေ၊ ကိုယ့်သားသမီးတွေကို အရာအားလုံးစွန့်လွှတ်ပြီး ဂရုစိုက်တတ်တဲ့အမေ၊ ကိုယ့်မိသားစုကိုပြန်ထောက်ကြည့်တတ်တဲ့ အစ်မဖြစ်သူအိုလစ်ဗီယာ ဆိုပြီးမိသားစုသုံးယောက်ရှိပါတယ်။ ဒီဇာတ်ကားမှာ မွေးဖွားလာစဉ်ကတည်းကချို့ယွင်းရှာတဲ့သားဖြစ်သူကို အားလုံးထက်ပိုဂရုစိုက်တတ်တဲ့မိခင်၊ ဘယ်တော့မှလက်မလျှော့ပဲ ကိုယ့်သားသမီးအပေါ်ယုံကြည်စိတ်မပျက်တတ်တဲ့ မိဘတွေရဲ့စိတ်၊ ကိုယ့်သားသမီးတွေတစ်ခုခုလိုအပ်နေပြီဆိုရင် အမြဲပြန်လည်ဖြည့်ဆည်းပေးဖို့ကြိုးစားတတ်တဲ့ မိဘတွေရဲ့မေတ္တာ၊ ကိုယ့်မောင်လေးအတွက် မိဘတွေရဲ့မေတ္တာကို ကြည်ကြည်ဖြူဖြူခွဲဝေပေးတဲ့ အစ်မတစ်ယောက်ရဲ့မေတ္တာ၊ သည်းခံစိတ်၊ စွန့်လွှတ်စိတ်၊ မိဘမောင်နှမတွေရဲ့ အားပေးမှု၊ ကူညီရိုင်းပင်းထောက်ပံ့မှုတွေနဲ့ အားတင်းအရှုံးမပေးတတ်တဲ့ အော်ဂီ၊ သူ့အတွက်ထိုးနှက်မှုများစွာနဲ့ ကြိုဆိုနေတဲ့ လောကကြီးထဲ ရဲရဲဝင့်ဝင့်မိသားစုရဲ့အင်အားနဲ့ ကြံကြံခိုင်ရပ်တည်နိုင်တဲ့ အော်ဂီ၊ စသည်ဖြင့် မိသားစုတစ်ခုမှာရှိရမယ့် မိသားစုစိတ်ဓာတ်ကိုအပြည့်အဝဖော်ညွှန်းပြထားပါတယ်။ ဒါပေမယ့် လူဆိုတာမျိုးဟာ ပြောင်းလဲတတ်တဲ့အမျိုးမဟုတ်လားဗျာ။ ဘေးပတ်ဝန်းကျင်လူ့အသိုင်းအဝိုင်းရဲ့ ဘောင်ကန့်သတ်ချက်တွေ၊ ထိုးနှက်မှုတွေကြားမှာယိုင်နဲ့တတ်တဲ့သဘာဝလည်းရှိတတ်တာပါပဲ။ ဒီလိုနဲ့ လမ်းမှားကိုတဒင်္ဂရောက်သွားရတဲ့သူတွေရှိသလို၊ မရုန်းထွက်နိုင်တော့တဲအထိနွံ့နစ်သွားရတဲ့သူတွေလည်းရှိပါတယ်။ ဒီလိုမဖြစ်ရအောင် အားလုံးသာ တစ်ဦးအပေါ်တစ်ဦး နားလည်မှုတွေ၊ အကြင်နာတရားတွေနဲ့ပွင့်လင်းတဲ့ဆက်ဆံရေး၊ ရိုင်းပင်းတတ်တဲ့စိတ်ဓာတ်၊ စတာတွေသာရှိရင် အားလုံးအတွက် အဆင်ပြေနိုင်မှာပါ။ ဒီဇာတ်ကားလေးကချပြသွားပုံလေးကိုသဘောကျမိပါတယ်။ မိသားစုတစ်စုတည်းကို ဦးတည်မသွားဘဲ သူ့ရဲ့ပတ်ဝန်းကျင်ကသူတွေနဲ့ပတ်သက်ပြီး ရိုက်ခတ်မှု၊ နောက်ကွယ်ကကိုယ်ပိုင်ပြဿနာတွေ၊ စတာတွေကိုပါ ချပြသွားပြီး အားလုံးဟာသူမသာကိုယ်အသုဘပါပဲဆိုတာကိုပြောပြနေသလိုပါပဲ။ ဇာတ်ကားလေးကြည့်ရင်း ရင်ထဲခံစားရတာတွေ၊ ခေါင်းထဲတွေးမိတာတွေအများကြီးပေါ်လာရတဲ့အထိပါပဲ။ ရည်ရွယ်ချက်ကို သေချာမြင်အောင် ပြသနိုင်တဲ့ ဇာတ်ကားကောင်းလေးတစ်ကားပဲဖြစ်ပါတယ်။ ဒီထက်ပိုပြီးရေးမပြတတ်တော့ပေမယ့် တကယ်ကို လူတိုင်းကြည့်သင့်တယ်ဆိုတာကိုတော့ အားလုံးကိုတိုက်တွန်းလိုက်ချင်ပါတယ်။ ကိုယ်တိုင်ကြည့်ရှုပြီး ကိုယ်ပိုင်အတွေးတွေနဲ့ ခံစားကြည့်ရှုစေချင်ပါတယ်။ ရင်ထဲမှာရောခေါင်းထဲမှာပါ တစ်ခုမကကျန်ရစ်သွားစေမှာပါလို့ပဲညွှန်းဆိုရင်း…….