7.6
78,301
...

Video Quality

Blu-ray 1080p

Audio Quality

DTS 5.1

File Size

4 GB

Credit

200

Fearless (2006)

Action, Biography, Drama

Credits 200

ဒီကားလေးရဲ့ အစမှာတော့ ဟွေ့ယွင်းကျားဆိုတဲ့ ကောင်လေးက စည်းကမ်းကြီးတဲ့ သူ့အဖေရဲ့ ဝူရှုးပြိုင်ပွဲကို သွားကြည့်ပါတယ် သူ့အဖေရဲ့ ပြိုင်ဘက်ကတော့ သူ့ကို အနိုင်ကျင့်နေကျ ကျောင်းကျန်ဆိုတဲ့ကောင်လေးရဲ့ အဖေပဲဖြစ်ပါတယ် ဟွေ့ယွင်းကျားရဲ့ အဖေဟာ ပြိုင်ပွဲအတွင်း နိုင်ခါနီးလေးမှာ တစ်ချက် တွေဝေသွားတဲ့အချိန် ပြိုင်ဘက်ရဲ့ တိုက်ခိုက်မှုကြောင့် ရှုံးနိမ့်သွားပါတော့တယ် အဖေ့ရဲ့ ရှုံးနိမ့်မှုကြောင့် ရှက်သွားတဲ့ ဟွေ့ယွင်းကျားက ရင်ကြပ်ရောဂါရှိနေတဲ့ကြားက သူကိုယ်တိုင် ဝူရှူးကို သင်ယူပါတော့တယ် အဲဒီလိုနဲ့ အသက်ကြီးလာတဲ့အခါ ဟွေ့ယွင်းကျားက နာမည်ကြီး သိုင်းသမားတစ်ယောက်ဖြစ်လာပြီး တစ်ချိန်က သူ့အဖေရှုံးခဲ့ဖူးတဲ့ ကျောင်းမိသားစုကိုလည်း ပြန်နိုင်သွားတော့တယ် အဲဒီလို နာမည်ကြီးလာတာနဲ့အမျှ တပည့်တွေလည်းပေါလာပြီး ဘဝင်မြင့်ပြီး မာနလည်း ကြီးလာပါတော့တယ် တစ်နေ့မှာ သူ့ရဲ့ ပြိုင်ဘက် သိုင်းဆရာတစ်ယောက်က သူ့တပည့်ကို ဒဏ်ရာရအောင်လုပ်လို့ဆိုပြီး ပြဿနာသွားရှာရာကနေ လက်လွန်ပြီး သူ့ရဲ့ပြိုင်ဘက်သိုင်းဆရာကို သတ်မိသွားပါတယ် အဲဒီသိုင်းဆရာရဲ့မြေးကလည်း ဟွေ့ယွင်းကျားရဲ့ အမေနဲ့ သမီးကို ပြန်သတ်ပြီး လက်စားချေပါတော့တယ် အဲဒါကြောင့် ဟွေ့ယွင်းကျားကလည်း သူ့မွေးရပ်မြေကနေ ထွက်လာခဲ့ပါတော့တယ် ဟွေ့ယွင်းကျား ဘယ်ကိုရောက်သွားမလဲ၊ အဲဒီရောက်သွားတဲ့နေရာမှာရော ဘာတွေကြုံတွေ့ရဦးမလဲ၊ အကောင်းဆုံးဖြစ်ချင်ပြီး လက်စားချေချင်စိတ်ပဲရှိခဲ့တဲ့ ဟွေ့ယွင်းကျားက ဘယ်လိုတွေ ပြောင်းလဲသွားမလဲဆိုတာကိုတော့ ၂၀၀၆ခုနှစ်ထွက် ဒီ Fearlessဆိုတဲ့ကားလေးမှာ ဆက်လက်ရှုစားပေးကြပါ ဒီဇာတ်ကားကိုအညွန်းနဲ့ဘာသာပြန်ပေးသူကတော့ Maria ဖြစ်ပါတယ်