5.8
40,121
...

Video Quality

Blu-ray 1080p

Audio Quality

DTS HDMA 5.1

File Size

4.2 GB

Credit

500

High Life (2018)

Mystery, Sci-Fi, Thriller

Credits 500

အကယ်၍သင်က သေမိန့်ကျအကျဉ်းသားတစ်ဦးဖြစ်နေပြီး သင့်မှာရွေးချယ်စရာ နှစ်ခုပဲရှိမယ်ဆိုပါစို့... တစ်ခုက ကိုယ်မွေးဖွားရာကမ္ဘာပေါ်မှာပဲ သေမိန့်ကျခံခြင်းဖြစ်ပြီး နောက်တစ်ခုက သေမိန့်ကနေလွတ်မြောက်မယ်...ဒါပေမယ့် အာကာသပေါ်မှာပဲ ရှင်သန်နေထိုင်ရခြင်း ဖြစ်မယ်ဆိုရင် သင်ဘာကိုရွေးချယ်မလဲ... ဒီဇာတ်လမ်းလေးထဲမှာတော့ သေမိန့်ကျအကျဉ်းသားတွေက အာကာသပေါ်မှာ သိပ္ပံပညာရဲ့အစမ်းသပ်ခံတွေအဖြစ် ရှင်သန်နေထိုင်ဖို့ ရွေးချယ်ခဲ့ကြပါတယ်...အာကာသဆိုတဲ့နေရာဟာ လူသားတွေအတွက် သင့်တော်တဲ့နေရာတစ်ခုတော့ မဟုတ်ပါဘူး...အန္တရာယ်ဖြစ်နိုင်တဲ့အရာတွေအများကြီးနဲ့ ရင်ဆိုင်ပြီးရှင်သန်နေထိုင်ဖို့ ရွေးချယ်ခဲ့ကြတဲ့ သူတို့တွေက ဘာတွေဘယ်လို...ကြုံတွေ့ကြရမလဲဆိုတာကတော့ ကိုယ်တိုင်ပဲဆက်လက်ကြည့်ရှုအားပေးလိုက်ကြပါနော်...ပါဝင်သရုပ်ဆောင်ထားတဲ့ အဓိကဇာတ်ဆောင်ကတော့ အားလုံးရဲ့အသဲကျော် Robert Pattinson ပဲဖြစ်ပါတယ်... ဇာတ်လမ်းအသွားက heavy ဖြစ်ပေမယ့် သရုပ်ဆောင်တွေရဲ့ ပီပြင်လှတဲ့ သရုပ်ဆောင်မှုတွေကြောင့် ကြည့်ရတာတန်တဲ့ ဇာတ်လမ်းတစ်ပုဒ် ဖြစ်မှာပါ... တစ်ခုပဲပြောစရာရှိတာက R-rated ကားဖြစ်ပြီး ၁၈+ အခန်းတွေပါတာမို့ ၁၈ယောက်ပြည့်အောင်စုပြီးမှပဲကြည့်ကြပါနော်...