7.0
98,880
...

Video Quality

Blu-ray 1080p

Audio Quality

DTS 5.1

File Size

3.4 GB

Credit

200

Holes (2003)

Adventure, Comedy, Drama

Credits 200

ဇာတ်လမ်းအကျဉ်းကတော့ စလန်လေယယ်နက်စ်ဟာ ယယ်နက်စ်မိသားစုရဲ့ငါးယောက်မြောက် မျိုးဆက်ဖြစ်ပြီး လွန်ခဲ့တဲ့နှစ်ပေါင်း၁၅၀က ကျိန်စာတစ်ခုကြောင့် သူ့ဘဝမှာ အမြဲတမ်း တလွဲတွေနဲ့ကြုံနေရပြီး ကံဆိုးနေသူပေါ့။ ကံဆိုးချက်ကတော့ သူ့ဟာသူလမ်းလျှောက်နေရင်းဘယ်ကရောက်လာမှန်းမသိတဲ့ဖိနပ်တစ်ရံက သူ့ခေါင်းပေါ်ကိုပြုတ်ကျလာပြီး ဖိနပ်ခိုးမှုနဲ့ အဖမ်းခံခဲ့ရပါတယ်။ ဆယ်ကျော်သက်လူငယ်အရွယ်ဖြစ်နေတဲ့အတွက် ထောင်မကျပဲ ဂရင်းလိတ်ခ်လို့ခေါ်တဲ့ လူငယ်ထိန်းသိမ်းရေးစခန်းကို အပို့ခံလိုက်ရပါတယ်။ ဂရင်းလိတ်ခ်စခန်းဟာ ကျန်တဲ့စခန်းတွေနဲ့မတူပဲ လူငယ်တွေကို ပြုပြင်ထိန်းသိမ်းရေးဆိုတဲ့ခေါင်းစဉ်အောက်မှာ နေ့တိုင်း တွင်းတစ်တွင်းစီ တူးခိုင်းနေကြတာပါ။ လူငယ်လေးတွေဟာ ကန္တာရရဲ့ ပူပြင်းလှတဲ့နေရောင်အောက်မှာ တွင်းတူးရင်း အဝါပြောက်ဖွတ်တွေနဲ့ ခလောက်မြွေတွေရဲ့ရန်ကိုလည်း ကြောက်ရပါသေးတယ်။ စတန်လေဟာ စခန်းမှာအသားကျအောင်ကြိုးစားနေထိုင်ရင်း ဇီးရိုးဆိုတဲ့ကောင်လေးတစ်ယောက်နဲ့ ခင်မင်သွားပါတယ်။ တစ်နေ့မှာတော့ ဇီးရိုးဟာ တွင်းမတူးချင်တော့တဲ့အတွက် ထွက်ပြေးသွားခဲ့ပါတယ်။ အစာမရှိရေမရှိတဲ့ ကန္တာရထဲကို တစ်ယောက်တည်းထွက်ပြေးသွားတဲ့အတွက် နောက်နေ့ကျတော့ စတန်လေပါ ဇီးရိုးကိုလိုက်ရှာဖို့ ထွက်ပြေးလာခဲ့ပါတယ်။ ဒီလိုနဲ့ သူတို့သိလိုက်ရတာက သူတို့စခန်းက ကြီးကြပ်ရေးမှူးဟာ တွင်းတွေကိုအကြောင်းမဲ့တူးခိုင်းနေတာမဟုတ်ပဲ လွန်ခဲ့တဲ့နှစ်ပေါင်းများစွာကမြှုပ်နှံခဲ့တဲ့ ရတနာကိုရှာနေတယ်ဆိုတာပါပဲ။ အဲဒီရတနာက ယယ်နက်စ်မိသားစုရဲ့ကျိန်စာနဲ့ ဆက်စပ်နေတယ်ဆိုတာကို သိလိုက်ရတဲ့အခါ စတန်လေက အဲဒီကျိန်စာကိုပျောက်ကွယ်သွားအောင်လုပ်နိုင်မလား။ လူငယ်ထိန်းသိမ်းရေးစခန်းက ကြီးကြပ်ရေးမှူးနဲ့သူ့ရဲ့အဖွဲ့သားတွေကို ဘယ်လိုရင်ဆိုင်မလဲဆိုတာကို ဟာသလေးတွေနှောပြီး တင်ဆက်ထားတဲ့ဇာတ်ကားကောင်းလေးတစ်ကားဖြစ်ပါတယ်။ ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်သူကတော့ MCEC ဖြစ်ပါတယ်