6.3
46,003
...

Video Quality

Blu-ray 1080p

Audio Quality

DTS 5.1

File Size

2.6 GB

Credit

200

Charlotte's Web (2006)

Adventure, Comedy, Family

Credits 200

ကျွန်တော်တို့ ငယ်ငယ်က စကားပြောတက်တဲ့ တိရိစ္ဆာန်လေးတွေ ရုပ်ရှင်ကားတွေ စကြည့်ရတုန်းက အတော်သဘောကျတာပါ အပြင်မှာပါ အဲ့ဒီလို လိုက်ပြောမလား ဆိုပြီး နားထောင်မိတဲ့ အထိပဲ အဲ့ဒီ သတ္တဝါလေးတွေ စကားပြောတဲ့ ရုပ်ရှင်လေးတွေကို ပြန်တင်ဆက်ပေးမယ် စိတ်ကူးပြီး ဟိုးအရင်က ကလေးတွေ အသဲစွဲ ခဲ့တဲ့ ဝီလ်ဘာ ဆိုတဲ့ ဝက်ကလေး အကြောင်း ပြန်တင်ပေးလိုက်ပါတယ် ငယ်ငယ်ကဆိုရင် Video တိပ်ခွေဆိုင်တွေမှာ ဝက်လိမ္မာကား ဆိုပြီး နာမည်ကြီးခဲ့သေးတာ မှတ်မိတဲ့သူတွေလဲ မှတ်မိမှာပါ တစ်ရက်သော နေ့မှာ လယ်သမားကြီး တစ်ဦးရဲ့ စပါးကျီထဲမှာ ဝက်မကြီး တစ်ကောင်ဟာ ကလေးလေးတွေ မွေးခဲ့တယ်ပေါ့ အဲ့ဒီထဲမှာ နို့မစို့ နိုင်တဲ့ ကလေး အသေးဆုံး တစ်ကောင်ကို သတ်ပြီး စွပ်ပြုတ် လုပ်သောက်ဖို့ စိတ်ကူးခဲ့ပေမယ့် လယ်သမားကြီးရဲ့ သမီးအငယ်ဆုံး ဖန်း ဟာ ဝက်ကလေးကို သူမ အသက်ရှင်အောင် တာဝန်ယူပါ့မယ်ဆိုပြီး မွေးခဲ့တယ်.... တစ်ဖြေးဖြေး ဝက်ကလေး ကြီးလာတော့ အိမ်ထဲမှာ ထားလို့မဖြစ်တော့ဘူး ဒီတော့ကာ အိမ်နဲ့ တစ်လမ်းကျော်က ဖန်း ရဲ့ ဦးလေး ဂိုဒေါင်မှာ ဘဲတွေ သိုးတွေ မြင်းတွေ နဲ့ အတူ သွားထားလိုက်ပါတော့တယ်.... ဒါပေမယ့် လာမယ့် ဆောင်းရာသီ ခရစ်စမတ် မှာ စားပွဲပေါ်က ဝက်သားဟင်းလျာ အတွက် ဦးလေးဖြစ်သူမှ ဝီလ်ဘာ အား ရွေးချယ်ခဲ့သော အခါ... ဝီလ်ဘာ တစ်ယောက် ဘယ်လို လွတ်မြောက်အောင် ကြံစည်မလဲ ဆိုတာကိုတော့ ဆက်လက်ကြည့်ရှုလိုက်ပါအုံး