6.6
2,828
...

Video Quality

Blu-ray 1080p

Audio Quality

DTS HDMA 7.1

File Size

4.9 GB

Credit

500

The White Storm (2013)

Action, Crime, Thriller

Credits 500

Action ,Crime ပရိသတ်‌တွေအတွက် ဟောင်ကောင်အက်ရှင်ဇာတ်ကားကောင်းတစ်ကားကို တင်ဆက်ပေးလိုက်ပါတယ်။ မူးယစ်တိုက်ဖျက်ရေးဇာတ်လမ်းအမျိုးအစားဖြစ်လို့ မြန်မာနိုင်ငံနဲ့ ပတ်သတ်ပြီး ခွန်ဆာ၊ ရွှေတြ္ိဂံနယ်မြေအကြောင်းတွေပါလို့ မြန်မာပရိသတ်တွေကို ပိုပြီးစိတ်အောင်စားအောင် ဆွဲဆောင်နိုင်ပါတယ်။ ငယ်ငယ်က‌တည်းက ဆိုးတူကောင်းဖက် ပေါင်းလာတဲ့ ရဲသူငယ်ချင်းသုံးယောက်မှာ တစ်ယောက်က မူးယစ်မှောင်ခိုအတွက် နှစ်နဲ့ချီ ရဲသူလျှိုလုပ်ပေးနေရပြီး မိသားစုကိုတောင် အချိန်မပေးနိုင်ဖြစ်‌ေနရပါတယ်။ ခွန်ဆာလက်နက်ချပြီးကတည်းက ရွှေတြ္ိဂံနယ်မြေမှာ စွမ်းအားကြီးနေတဲ့ တရုတ်စပ်မူးယစ်ရာဇာ တစ်ယောက်ကို ဖမ်းမိဖို့ရန် ဟောင်ကောင်-ထိုင်း ပူးတွဲစစ်ဆင်ရေးဆောင်ရွက်ဖို့ သုံးယောက်လုံး ထိုင်းကို သွားတာကစပြီး အခြေနေတွေက ထိန်းသိမ်းမရတွေ ဖြစ်ကုန်ပါတယ်။ သူတို့သုံးယောက် မူးယစ်‌ေဆး‌ေလာကကို ဘယ်လို တိုက်ဖျက်ကြမလဲဆိုတာကို ကိုယ်တိုင်ပဲ ကြည့်ရှု့ခံစားလိုက်ပါတော့။ ဒီဇာတ်ကားကိုအညွန်းနဲ့ဘာသာပြန်ပေးသူကတော့ Su ဖြစ်ပါတယ်