App ထဲကနေ Movie Request လုပ်ထားတဲ့ကားတွေထဲက တစ်ကားဖြစ်တဲ့ The Extraordinary Adventures of Adèle Blanc-Sec လေးကိုဘာသာပြန်တင်ဆက်ပေးလိုက်ပါတယ်
ဒီတစ်ခါမိတ်ဆက်ပေးမယ့် ပြင်သစ်မံမီကားကတော့ 20 ရာစုကို အခြေခံထားပြီး တခြားမံမီကားတွေလိုမဟုတ်ဘဲ ပေ့ါပေါ့ပါးပါးကြည့်ရမှာပါ။
အဒဲလ်ဘလောန်စေဆိုတဲ့ ပြင်သစ်စာရေးဆရာမက ကိုမာလိုမျိုးဖြစ်နေတဲ့ သူ့အစ်မကို ကယ်ဖို့ အီဂျစ်ပြည်ကို ဆရာဝန်ရှာဖို့ စွန့်စားခန်းခရီးထွက်ခဲ့ပါတယ်။ သူရှာတဲ့ဆရာဝန်ကလည်း လူမဟုတ်ဘဲ ဖာရိုဘုရင်ရာရဲ့ သင်္ချိုင်းထဲက ကိုယ်ပိုင်သမားတော်ပါမိုစစ်ပါ။ လူသားဆရာဝန်တွေက လက်လျှော့ထားတဲ့အတွက် မံမီဆရာဝန်ကိုခေါ်ပြီး အသက်သွင်းကုသခိုင်းချင်တာပေါ့နော်။
ဒီလိုနဲ့ သင်္ချိုင်းကနေ ပါမိုစစ်ရဲ့မံမီကို အောင်အောင်မြင်မြင်ခိုးယူပြီး ပြင်သစ်ရောက်တဲ့အချိန် မံမီကို အသက်ပြန်သွင်းပေးနိုင်လောက်တဲ့ ပါမောက္ခက အသက်အန္တရာယ်ကြုံတွေ့နေရတဲ့အတွက် အရင်ကယ်တင်ပေးဖို့ အကြောင်းဖန်လာပါတယ်။ တစ်ချိန်တည်းမှာပဲ ပဲရစ်မှာ ရှူးပျံကြီးတစ်ကောင် ဉကပေါက်လာပြီး သောင်းကျန်းနေပါတယ်။
အခက်အခဲတွေကြားကနေ အဒဲလ်က သူ့အမွှာအစ်မကို ကယ်ဖို့ မံမီတွေကို အသက်သွင်းပြီး ကြိုးစားတာကို မြင်တွေ့ရမှာပါ။ သတိထားမိတဲ့တစ်ချက်က ဇာတ်အိမ်ကို 1920 မှာတည်ထားပြီး ဖာရိုဘုရင်ကြီးက နာမည်ကျော် Louvre ပြတိုက်ကြီးကို သဘောကျလို့ အလယ်မှာ ပိရမစ်ဆောက်သသင့်တယ်လို့ ပြောခဲ့ပြီး တကယ့်အပြင်-1989 ခုနှစ်မှာ ပိရမစ်ကြီး ထပ်ဆောက်ခဲ့တဲ့သဘောကို ရည်ညွှန်းထားတာပါပဲ။
ဒီဇာတ်ကားကိုအညွန်းနဲ့ဘာသာပြန်ပေးသူကတော့ Shune Lai KK ဖြစ်ပါတယ်