6.8
8,506
...

Video Quality

Blu-ray 1080p

Audio Quality

DTS 5.1

File Size

4 GB

Credit

200

Bodyguards and Assassins (2009)

Action, Drama, History

Credits 200

March 20 Movies Request တုန်းက ဘာသာပြန်ပီးတင်ပေးဖို တောင်းဆိုထားတဲ့ကားတွေထဲက တစ်ကားဖြစ်တဲ့ Bodyguards and Assassins လေးကို Blu-ray 1080p Quality နဲ့တင်ပေးလိုက်ပါပီ ဒီဇာတ်လမ်းလေးဟာ ၁၉၀၅ခုနှစ် ဟောင်ကောင်မှာ ​ဗြိတိသျှကိုလိုနီတွေ အုပ်စိုးနေတဲ့အချိန်ကို ဇာတ်အိမ်တည်ပြီးရိုက်ပြထားတဲ့ ဟောင်ကောင် historical အက်ရှင်ကားတစ်ကားဖြစ်ပါတယ်။ တရုတ်နိုင်ငံရဲ့ ဖခင်ကြီးလို့အမည်တွင်ခဲ့တဲ့ Sun Yat-sen ဟာ ချင်အင်ပါယာကြီးကိုဖြုတ်ချပြီး ပြည့်သူ့သမ္မတနိုင်ငံကြီးကို ထူထောင်ဖို့အတွက် သူ့ရဲ့တော်လှန်ရေးဘက်တော်သားတွေနဲ့ဆွေးနွေးဖို့ ဟောင်ကောင်ကို တိတ်တဆိတ်ပြန်လာခဲ့ပါတယ်။ သူပြန်လာမဲ့အကြောင်းကို ချင်အစိုးရက သိရှိသွားပြီးတဲ့နောက်မှာတော့ သူ့ကိုလုပ်ကြံဖို့အတွက် လုပ်ကြံသတ်ဖြတ်သူလူတစ်စုကို လွှတ်လိုက်ပါတယ်။ ဟောင်ကောင်မှာရှိတဲ့ စီးပွားရေးသမား ပုံနှိပ်တိုက်ပိုင်ရှင် လီယွိထန်ဟာ ဟိုအရင်ကတည်းက တော်လှန်ရေးအတွက် အလှူငွေထည့်ဝင်နေကြလူတစ်ယောက်ပါ။ သူကိုယ်တိုင်တော့ ဘယ်တော့မှ ဝင်ပါလေ့မရှိပါဘူး။ ဗြိတိသျှတွေက သူ့ရဲ့ကိုယ်ပိုင်စီးပွားရေးလုပ်ငန်းနဲ့ သူ့လူတွေကိုထိပါးလာတဲ့အခါမှာတော့ ဒီတစ်ကြိမ်မှာ သူကိုယ်တိုင် သူ့လူတွေကိုဦးဆောင်ပြီး Sun Yat-senလာရောက်တဲ့အခါ ကာကွယ်စောင့်ရှောက်ဖို့ ပြင်ဆင်ပါတော့တယ်။ ပြည်သူတိုင်း ဒီမိုကရေစီကိုလိုချင်ကြပါတယ်။ နှစ်ပေါင်းများစွာဖိနှိပ်ခံရပြီး နေလာခဲ့ရတာကြာလာတော့ လွတ်လပ်ခွင့်ရဖို့ ကြိုးစားကြတဲ့အခါ လူတန်းစားမျိုးစုံပါဝင်ခွင့်ရချင်ကြပါတယ်။ ရရာနေရာကနေ တိုင်းပြည်အတွက် ကြိုးစားတိုက်ပွဲဝင်ခဲ့ကြတဲ့ ပြည်သူပြည်သားတွေရဲ့ သတ္တိနဲ့ အသက်ကိုမငဲ့ဘဲ စွန့်လွှတ်အနစ်နာခံမှုတွေကို ကြည့်ရှုကြရမှာပဲ ဖြစ်ပါတယ်။ ဒီဇာတ်ကားရဲ့ အညွှန်းနဲ့ ဘာသာပြန်တင်ဆက်သူကတော့ Ei Thinzar Nyein ဖြစ်ပါတယ်။