6.8
156,804
...

Video Quality

Blu-ray 1080p

Audio Quality

AC3 5.1

File Size

2.1 GB

Credit

100

The Lake House (2006)

Drama, Fantasy, Romance

Credits 100

ဒီတစ်ခါတော့ နာမည်ကြီး မင်းသားချော Keanu Reeves (The Matrix, 47 Ronin) နဲ့ မင်းသမီးချော Sandra Bullock (Gravity) တို့ပါဝင်သရုပ်ဆောင်ထားတဲ့ Romantic ကားကောင်းတစ်ကားကို မိတ်ဆက်ပေးချင်ပါတယ်။ Valentine's Day အတွက် အသင့်တော်ဆုံး ဇာတ်ကားတစ်ကားဖြစ် သလို စိတ်ဝင်စားဖို့ကောင်းတဲ့ဇာတ်ကားတစ်ကားပါ။ ဇာတ်လမ်းအစမှာ အချိန်က ၂၀၀၆ ခုနှစ် Valentine's Day မှာ Sandra Bullock (Dr. Kate Froster) က လူတစ်ယောက် ကားလမ်းဖြတ်ကူးရင်း ကားတိုက်ခံရတာကိုတွေ့လိုက်ရပြီး ကယ်တင်ဖို့ကြိုးစားပေမယ့် အဲ့ဒီလူက သေသွားခဲ့ပါတယ်။ အဲ့ဒီနောက်မှာတော့ Kate က သူနေခဲ့တဲ့ Wisconsin မြို့က Lake House ကနေ Chicago မြို့ကိုပြောင်းတော့ မှာဖြစ်လို့ နောက်ထပ်ရောက် လာမယ့်သူ့ကို သူ့မရဲ့စာတွေ ရောက်လာရင် ပို့ပေးဖို့ရယ်၊ လူသွားလမ်းပေါ်က ဆေးပေနေတဲ့ ခွေးခြေရာ လေးတွေက သူမမနေခင်ထဲကရှိတာပါလို့ စာရေးရှင်းပြပြီး စာတိုက်ပုံးထဲမှာ ထားခဲ့ပါတယ်။ ၂၀၀၄ ခုနှစ်မှာတော့ မင်းသား Keanu Reeves (Alex Wyler) က သူရဲ့ ခွေးလေးနဲ့အတူ Lake House ကိုရောက်လာပြီး စာတိုက်ပုံးထဲက စာကိုတွေ့သွားပါတယ်။ သူမပြောသလို ခွေးခြေရာကို မတွေ့ရသလို အိမ်ကလည်း လူမနေတာ ကြာနေပါပြီ။ ဒါကြောင့် မင်းသားက (မင်းသားက Architect ပါ) အိမ်ကို အသစ်ပြန်လည် ပြုပြင်ပြီး ဆေးသုတ်တဲ့ အခါမှာတော့ သူ့ရဲ့ခွေးလေးက ဆေးတွေကိုတက်နင်း မိပြီး ခွေးလေးရဲ့ခြေရာတွေ လျှောက်လမ်းပေါ်မှာ ပေကုန်ပါတယ်။ အဲ့ဒီနောက်မှာတော့ Alex နဲ့Kate တစ်ယောက်နဲ့ တစ်ယောက် စာတိုက်ပုံးလေးကနေ စာအပြန် အလှန် ဆက်သွယ်နေကြပြီးနောက်မှာ သူတို့ နှစ်ဦးက အချိန် နှစ် နှစ်ခြားပြီး နေနေကြတယ်ဆိုတာ ကို သိသွားပါတယ်။ Alex (2005) နဲ့ Kate (2007) တို့ ဖြစ်နေကြပါတယ်။ ဒီလိုနဲ့ သူတို့ဆက်သွယ်နေကြရင်း Alex က ၂၀၀၅ ခုနှစ်တုန်းက Kate ကို Party တစ်ခုမှာ တွေ့ ဖူးသွားပေမယ့် Kate က ၂၀၀၇ ရောက်မှ သူနဲ့ တွေ့မှာ ဖြစ်လို့ သူက Kate ကို ဘာမှမပြောခဲ့ပါဘူး။ အဲ့ဒီကနေ စလို့ 2007 က Kate နဲ့ သူနဲ့ တွေ့ဖို့ ဆုံးဖြတ်လိုက်ကြပါတယ်။ ဒါကြောင့် Alex က ၂၀၀၅ ခုနှစ်မှာ စားသောက်ဆိုင် တစ်ဆိုင်ကို သွားပြီး ၂၀၀၇ ခုနှစ်အတွက် Reservation လုပ်ခဲ့ပါတယ်။ Kate အတွက်တော့ တစ်ရက်ပဲ ခြားပြီး Alex အတွက်တော့ ၂ နှစ် နဲ့ ၁ရက် အလိုကို ချိန်းလိုက်ပါတယ်။ Kate က ဆိုင်မှာသွားစောင့် နေပေမယ့် Alex (၂၀၀၇) ကတော့ ရောက်မလာပါဘူး။ ဒါနဲ့ ပဲ Kate က စိတ်ပျက်သွားပြီး Alex ကို သူနဲ့အဆက်အသွယ်မလုပ် ဖို့ပြောပြီး သူတို့ နောက်အဆက်အသွယ်ပြတ်သွားပါတယ်။ တစ်နှစ်လောက်ကြာပြီး Kate ရဲ့ ၂၀၀၈ Valentine's Day နဲ့ Alex ရဲ့ ၂၀၀၆ Valentine's Day မှာ Kate က အိမ်ကို ပြုပြင်ဖို့ Architect ဒီဇိုင်းတွေသွားကြည့်ရင်းနဲ့ Alex ဆွဲထားတဲ့ Lake House ပုံကိုတွေ့သွားပြီး Alex Wyler ဆွဲထားတယ်ဆိုတာကိုလည်း သိသွားသလို၊ Alex က ကားတိုက်လို့ သေသွားတယ်ဆိုတာ ကိုလည်း သိသွားပါတယ်။ အဲ့ဒီတော့မှ ဇာတ်လမ်းအစ ၂၀၀၆ Valentine's Day မှာ ကားတိုက်သေသွားတာ Alex မှန်းသိသွားပါတယ်။ ဒါကြောင့် လည်း ၂၀၀၇ တုန်းက စားသောက်ဆိုင်ကို ရောက်မလာတာကိုသိသွားပြီး Alex ကို သွားသတိပေးဖို့ ပြေးသွားပါတယ်။ Lake House မှာ စာတိုက်ပုံးထဲက စာကို ထဲပေမယ့် Alex ကတော့ မရှိတော့ပါဘူး။ 2006 က Alex က ကားလမ်းကူးခါနီး Kate ရဲ့ အသံကို ကြားလိုက်မိလို့ လမ်းမကူးတော့ပဲ Lake House ကို ပြန်လာပြီး စာကို ဖတ်မိသွားပါတယ်။ ၂၀၀၈ မှာတော့ Kate က စာတိုက်ပုံးနားထိုင်နေတုန်းမှာ Alex (2008) က မသေတော့ပဲ သူမဆီကို ရောက်လာပြီး သူတို့နှစ်ယောက် အနမ်းခန်းလေးနဲ့ ဇာတ်သိမ်းသွားပါတယ်။ ဇာတ်ကားကောင်းတစ်ကားပါ။ တစ်ကားလုံး အပြည့်ရေး မှဖြစ်မှာမို့လို့ ရေးပေးလိုက်ပါတယ်။ လူငယ်တွေ မကြည့်သင့်ပါ။ Rated - R ပါ။ ကျွန်တော် အကြိုက်ဆုံး Romance ကားတွေထဲက တစ်ကားပါ။