6.0
12,212
...

Video Quality

Blu-ray 1080p

Audio Quality

AC3 5.1

File Size

2.2 GB

Credit

100

Black Mask (1996)

Action, Adventure, Comedy

Credits 100

996 ခုနှစ်က ထွက်ခဲ့တဲ့ ဂျက်လီပါ၀င်သရုပ်ဆောင်ထားတဲ့ အက်ရှင်ဇာတ်လမ်းဖြစ်ပါတယ်။ မူးယစ်ဆေးရောင်းတဲ့ ဂိုဏ်းတွေ သဘာ၀လွန်စမ်းသပ်ချက်တွေ၊ မူးယစ်ရာဇာတွေအကြောင်း ရိုက်ကူးထားတာပါ။ ဟောင်ကောင်မှာ မူးယစ်ဆေးရောင်းတဲ့သူတွေ အစုလိုက်အပြုံလိုက်အသတ်ခံရတဲ့အတွက် ရဲတွေ အလုပ်ရှုပ်နေကြပါတယ်။ အဓိက‌ဇာတ်ကောင် ဆွီချိက‌ စာကြည့်တိုက်မှူးတစ်ယောက်ဖြစ်ပြီး အချိန်အားတိုင်း စာတွေပဲဖတ်နေတဲ့ တုံးတုံးအအပုံစံလူတစ်ယောက်ဖြစ်ပါတယ်။ သူ့မှာ သူငယ်ချင်း ရဲတပ်ဖွဲ့၀င်ရှိပြီး သူတို့ မကြာခဏ တွေ့လေ့ရှိပါတယ်။ သူ့သူငယ်ချင်းက ခုနက လူဆိုးတွေအသတ်ခံရတဲ့ အမှုကို တာ၀န်ပေးခံထားရသူပါ။ နောက်တော့ အဲ့ရဲကို နှစ်ရှင်တစ်ခုမှာ ဇာတ်လိုက်က မျက်နှာဖုံးနက်၀တ်ပြီး ကယ်လိုက်ရာကစပြီးတော့ မျက်နှာဖုံးနက်ဆိုပြီး ပြန်လည်ပေါ်ထွက်လာပါတယ်။ အဲ့လူက မထင်မရှားစာကြည့်တိုက်မှူးလေးဆိုတာကိုတော့ ဘယ်သူမှ မမှန်းနိုင်ကြပါဘူး။ တကယ်က ဇာတ်လိုက်က မျက်နှာဖုံးနက်နဲ့ ရုပ်ဖျက်လှုပ်ရှားနေတာ အကြောင်းရှိပါတယ်။ သူ့ရဲ့ နောက်ကြောင်းက လူအများထင်သလိုမရိုးရှင်းပါဘူး။ သူက ဟောင်ကောင်မှာ လာပြီး ဇာတ်မြှုပ်နေတဲ့သူတစ်ယောက်ပါ။ သူဘာလို့ ထွက်ပြေးလာဝာာဖြစ်မလဲ။ သူ့ရဲ့တကယ့်ဘ၀အမှန်က ဘာဖြစ်မလဲ၊ ဘယ်လိုမျိုးအရာတွေနဲ့ ရင်ဆိုင်ခဲ့ရတာဖြစ်မလဲ၊ နောက်ဆုံးမှာ အားလုံးကို ချုပ်ကိုင်ထားတဲ့ဂိုဏ်းကြီးကို ချေမှုန်းနိုင်ပါ့မလားဆိုတာကတော့...... ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်သူကတော့ Shune Lai KK ဖြစ်ပါတယ်