နာမည်ဝှက် တကီလာဖြစ်တဲ့ ယွမ်ဆိုတဲ့ ရဲဟာ လက်နက်မှောင်ခိုရောင်းတဲ့သူတွေကို ဖမ်းဖို့မစ်ရှင်မှာ သူ့ရဲ့ ပါတနာသူငယ်ချင်းကို ဆုံးရှုံးလိုက်ရပြီး အဲဒီ မှောင်ခိုဂိုဏ်းကိုဖမ်းဖို့ ကြိုးစားပါတော့တယ်။ အဲဒီဂိုဏ်းရဲ့ ခေါင်းဆောင်အကြောင်းတွေ ပိုသိရဖို့ အစောကြီးတည်းက အဲဒီဂိုဏ်းထဲကိုထည့်ထားတဲ့ ရဲဘက်သူလျှိုတစ်ယောက်နဲ့ ပေါင်းပြီး အလုပ်တွဲလုပ်ရပါတော့တယ် သူတို့နှစ်ယောက်ပေါင်းပြီး ဂိုဏ်းခေါင်းဆောင်ရဲ့ လက်နက်တိုက်ကို နည်းမျိုးစုံသုံးပြီး ရှာဖွေကြပုံကို ရိုက်ပြထားတဲ့ ၁၉၉၂ခုနှစ်ထွက် ဟောင်ကောင်အက်ရှင်ကားကောင်းလေးပဲဖြစ်ပြီး အက်ရှင်ခန်းတွေ သေနတ်ပစ်ခန်းတွေ အကြမ်းဖက်မှုတွေကို ရင်တမမနဲ့ကြည့်ရမှာဖြစ်တဲ့အတွက် အက်ရှင်ကြိုက်သူများ မလွတ်တမ်းကြည့်ရှုကြပါလို့ တိုက်တွန်းလိုက်ရပါတယ်
ဒီဇာတ်ကားကိုအညွန်းနဲ့ဘာသာပြန်ပေးသူကတော့ Maria ဖြစ်ပါတယ်