6.3
12,147
...

Video Quality

Blu-ray 1080p

Audio Quality

DTS 5.1

File Size

2.3 GB

Credit

200

City Hunter (1993)

Action, Comedy, Crime

Credits 200

ဒီကားလေးကတော့ ဂျပန် Mangaဖြစ်တဲ့ City Hunterကို ရုပ်ရှင်ပြန်ရိုက်ထားတာဖြစ်ပါတယ် ဒီကားမှာ ဇာတ်လိုက် မန်ပေါဟာ မိန်းမလိုက်စားတတ်တဲ့ လျှို့ဝှက်စုံထောက်တစ်ယောက်ဖြစ်ပါတယ်။ သူu လုပ်ဖော်ကိုင်ဖက်ဖြစ်ပြီး သူငယ်ချင်းလို့လဲ ပြောလို့ရတဲ့ ကျုံးချင်းဆိုတဲ့သူနဲ့ အတူတူ အလုပ်တွဲလုပ်ပါတယ်။ ဒါပေမဲ့ တစ်နေ့မှာတော့ မမျှော်လင့်တဲ့ကိစ္စတစ်ခုကြောင် ကျုံးချင်းဟာ အသက်ဆုံးရှုံးလိုက်ရပါတယ်။ ကျုံးချင်းက မသေခင်လေးမှာ မန်ပေါကို သူ့ညီမလေးကို စောင့်ရှောက်ပေးဖို့ တောင်းဆိုခဲ့ပါတယ်။ အဲဒီလိုနဲ့ သူ့ညီမလေး ကာအိုရီက မန်ပေါရဲ့ လက်ထောက်ဖြစ်လာပါတော့တယ်။ တစ်နေ့တော့ မန်ပေါကို ဂျပန် သတင်းစာတိုက်သူဌေးကြီးက အိမ်ပေါ်ကဆင်းသွားတဲ့ သူ့သမီးကို ပြန်ရှာပေးဖို့ အလုပ်အပ်ပါတော့တယ်။ မန်ပေါလည်း အဲဒီအလုပ်ကို လက်ခံလိုက်ပါတော့တယ်။ အဲဒီသူဌေးသမီး ကီယိုကိုက အပန်းဖြေသင်္ဘောကို သွားစီးမယ်ဆိုတာကို သိလိုက်တဲ့ မန်ပေါဟာသူလည်း သင်္ဘောပေါ် ရအောင်တက်ခဲ့ပါတယ်။ ဒါပေမဲ့ အဲဒီသင်္ဘောပေါ်မှာ သင်္ဘောကို ဝင်စီးဖို့ အကြမ်းဖက်သမားတွေလည်း ပါလာတဲ့အခါ ဘယ်လိုအရှုပ်တော်ပုံတွေနဲ့ ဆက်တွေ့ရတော့မလဲဆိုတာကို ဒီကားလေးမှာ ဆက်လက်ကြည့်ရှုခံစားနိုင်ပါတယ်။ ဒီဇာတ်ကားကိုအညွန်းနဲ့ဘာသာပြန်ပေးသူကတော့ Maria ဖြစ်ပါတယ်