7.3
296,747
...

Video Quality

Blu-ray 1080p

Audio Quality

DTS HDMA 7.1

File Size

5.6 GB

Credit

500

The Conjuring 2 (2016)

Horror, Mystery, Thriller

Credits 500

1977 မှာပါ။ ထူးခြားတဲ့ သဘာဝလွန်ဖြစ်ရပ်တွေကို လိုက်လံစုံစမ်းစစ်ဆေးနေတဲ့ Ed နဲ့ Lorraine Warren တို့ဟာ England မြောက်ပိုင်းက Enfield ကိုရောက်လာခဲ့ပါတယ်။ အဲမှာရှိတဲ့ ကလေး လေးယောက်အမေ Single mother တစ်ယောက်က သူ့အိမ်မှာ မကောင်းဆိုးဝါးကပ်နေတယ်လို့လာပြောပါတယ်။ Ed တို့နှစ်ယောက်ဟာ ကလေးအငယ်ဆုံးမှာ မကောင်းဆိုးဝါးပူးနေတယ်လို့ သွင်ပြင်တွေမြင်လာရတော့ ယုံကြည်လာခဲ့ပြီး ကလေးကိုကယ်တင်ဖို့လုပ်ရာက သူတို့ကိုယ်တိုင်ပါ မကောင်းဆိုးဝါးရဲ့ နောက်ပစ်မှတ်တွေ ဖြစ်လာပါတော့တယ်။ အင်မတန်ကြောက်စရာကောင်းတယ်ဆိုပြီး နာမည်ကြီးလှတဲ့ 2013 ခုနစ်ထွက် The Conjuring ရဲ့ အဆက်ဖြစ်ပါတယ်။ အရင်ကားဒါရတာ James Wan ကပဲ ပြန်ရိုက်ထားပြီး Patrick Wilson နဲ့ Vera Farmiga တို့ကပဲ ပြန်လည်ပါဝင်သရုပ်ဆောင်ထားပါတယ်။ The Conjuring 2 က အလွန်ကြောက်မက်ဖွယ်ကောင်းပြီး ကြည့်ရှုသူရဲ့ စိတ်ကိုကယောက်ခြောက်ခြားတွေပါဖြစ်စေနိုင်တာကြောင့် ဒီဇာတ်ကားကိုကြည့်ရှုမဲ့လူတွေအတွက် သတိပေးချက်တွေပါထုတ်ပြန်ထားပါတယ်။ ဒီဇာတ်ကားအတွက် Budget ကို $40 million အသုံးပြုခဲ့ပြီး လက်ရှိအချိန်အထိ Box Office ဝင်ငွေ $96.2 million ရရှိထားပါတယ်။ The Conjuring 2 ရဲ့အခုလက်ရှိ Rating တွေကတော့ IMDB 8.2 နဲ့ Rotten Tomatoes 75% တို့ရရှိထားပါတယ်။ Horror ကားကောင်းကောင်းသဘောကြသူတွေအတွက်ကတော့ The Conjuring 2 ကစောင့်ကြည့်ရမဲ့ဇာတ်ကားထဲမှာထိပ်ဆုံးကပါမှာပါ။