ဟာသကားနှစ်သက်သူတွေအတွက် ဒီကားလေးက စိတ်ကိုအပန်းပြေစေမှာဖြစ်ပါတယ်။ ဇာတ်လမ်းလေးကတော့ Norbit ဆိုတဲ့ကလေးလေးဟာ မိဘမဲ့အနေနဲ့ကြီးပျင်းလာပီး နုံနုံအအကောင်လေးတစ်ယောက်ဖြစ်ပါတယ်။ ငယ်စဉ်ကတည်းက အနိုင်ကျင့်ခံနေရတဲ့ ကောင်လေးတစ်ယောက် မိဘမဲ့ ဂေဟာမှာ ငယ်ချစ်ဦးနဲ့ ကွဲသွားပီးအဖော်မဲ့နေတဲ့ အချိန် ၀၀တုတ်တုတ် ဖတ်တီးမလေးနဲ့ တွေ့မိပီး အဲ့ ဖတ်တီးမလေးရဲ့ ကူညီစောင့်ရှောက်မူ့အောက်မှာနေရင်းအသက်တွေကြီးလာတဲ့ အခါ လက်ထပ်ဖြစ်ခဲ့ကျတယ်။ ဒါပေမဲ့ ရုပ်ဆိုးဆိုးအ၀လွန်နေတဲ့ မိန်းမကြီးလက်အောက်မှာကြောက်ပီးနေရတဲ့ Norbit တစ်ယောက်အချစ်ဦးနဲ့တွေ့ပီးဘယ်လိုတွေဖြစ်လာမလဲဆိုတာကို ဟာသလေးတွေနဲ့ကြည့်ရမှာပါ။