6.4
34,261
...

Video Quality

Blu-ray 1080p

Audio Quality

DTS HDMA 5.1

File Size

3 GB

Credit

500

The Angry Birds Movie 2 (2019)

Animation, Action, Adventure

Credits 500

ဝေ ဖန်ရေးဆရာတွေ ချီးမွမ်း ထား တဲ့ သည်ဇာတ်ကားကို ဂိမ်း ဝါ  သနာ ရှင်တွေနဲ့ အသက် ၁၂ နှစ် အောက် ကလေးတွေ ပိုကြိုက် ကြမှာပါ။ အမြဲတမ်းရန်စောင်ပြီး တိုက် ခိုက်နေကြတဲ့ ငှက်ကျွန်းက ငှက် တွေနဲ့ ဝက်ကျွန်းက ဝက်တွေ စစ် ပြေငြိမ်းပြီးတဲ့အခါ လင်းယုန်ကျွန်း ရဲ့  ခေါင်းဆောင် လင်းယုန်မကြီး ဇီးတားက အဲသည်ကျွန်းနှစ်ခု စလုံး သိမ်းပိုက်ချင်လို့ ရေခဲတုံးကြီးတွေ ကို အမြောက်ထဲထည့်ပြီး ပစ်လွှတ် နေတယ်။ အဲသည်အချိန်မှာ ငှက် ပေါက်စလေး သုံးကောင်အနက် ငှက်မလေး ဇိုဝီက တခြားဥသုံးလုံး ကို အသုံးပြုပြီး ပြဇာတ်ကပြဖို့ ကြံ စည်ပေမဲ့ ဥတွေကို သူမ နေရာထား မှားလို့ ရေထဲမျောပါသွား တယ်။ ငှက်တွေဖြစ်တဲ့ ချပ်နဲ့ ဘွမ်းတို့ က ရက်ဒ်ကို ချပ်ရဲ့ ညီမဆေးဗားလ် နဲ့ အောင်သွယ်ပေးပေမဲ့ သူမက ရက်ဒ်ကို စိတ်မဝင်စားဘူး။ အဲ သည်နောက် ဝက်နဲ့ငှက်တွေဟာ မိတ်ဖွဲ့ဖို့ စွမ်းအားရှင် လင်းယုန် ကြီးရဲ့ လိုဏ်ဂူထဲမှာ ချပ်၊ ဘွမ်းနဲ့ ဆေးဗားလ်တို့ သွားဆွေးနွေးကြ တုန်း ရက်ဒ်ကဇီးတားပုံကို ထုတ်ပြ တော့ လင်းယုန်ကြီး ဣန္ဒြေပျက် သွားတယ်။ လင်းယုန်ကျွန်းက ပစ် လွှတ်တဲ့ ရေခဲဗုံးကြီးလာထိမှန်လို့ လင်းယုန်ကြီးရဲ့ တောင်ကြီးပြိုကျ သွားတဲ့အခါ သူတို့အားလုံး ထွက် ပြေးသွားကြရတယ်။ ရက်ဒ်တို့ အ ဖွဲ့ က လင်းယုန်ကျွန်းကို ရေငုပ် သင်္ဘော နဲ့ ခိုးဝင်ကြပြီး လင်းယုန် ကြီးက ဇီးတားဟာ မိမိသတ္တိ ကြောင်ပြီး ရှောင်ပြေးခဲ့တဲ့ ဇနီး လောင်းဖြစ်တယ်လို့ ဖွင့်ပြော တယ်။ လင်းယုန်ကျွန်းပေါ်က လင်း ယုန်တွေကို တိုက်ခိုက်ဖို့ ရက်ဒ်ကို ဆေးလ်ဗားက ကူညီတယ်။ လင်း ယုန်ကျွန်းရဲ့ အခြေစိုက် စခန်းထဲ ခိုးဝင်တော့ သူတို့နှစ်ကောင် အ ဖမ်းခံရတာကြောင့် သူတို့အပေါင်း အပါတွေက လင်းယုန်အရုပ်ကြီး ကို သုံးပြီး အစောင့်တွေကို လှည့် စားကြတယ်။ ရက်ဒ်နဲ့  ဆေးလ်ဗား တို့ကို သူတို့ ရှာတွေ့ပေမဲ့ လွဲချော် မှုကြောင့် အဖမ်းမခံရအောင် ထွက် ပြေးသွားကြရတယ်။ ဇိုဝီနဲ့  သူမ သူငယ်ချင်းလေးနှစ်ကောင်ဟာ စပါးကြီးမြွေမကြီး ဥထားတဲ့ ဥသုံးလုံးကို ပြန်လုယူပြီး ငှက်ကျွန်းကို ပြန်ပြေးသွားကြပေမဲ့ လမ်းမှားပြီး ဝက်ကျွန်းကို သူတို့ ရောက်သွားတော့ ဝက်ကလေး သုံးကောင်က သူတို့ကို မီးပုံးပျံကြီး နဲ့ လိုက်ပို့ပေးတယ်။ ချုပ်နှောင်ခံထားရတဲ့ ရက်ဒ် နဲ့ ဆေးလ်ဗားတို့ကို လာတွေ့တဲ့ လင်းယုန်မကြီး ဇီးတားက ဝက်နဲ့ ငှက်ကျွန်းတွေကို မီးတောင်ချော် ရည် ဗုံးတွေနဲ့ ပစ်ခတ်တော့မယ်လို့ ပြောသွားတယ်။ ဆေးလ်ဗားနဲ့ ရက်ဒ်တို့  အ ချုပ်မှ ထွက်ပြေးပြီး သူတို့သူငယ် ချင်းတွေနဲ့ ပြန်ဆုံတော့ ဇီးတားရဲ့ အမြောက်ကြီးကို ဖျက်ဆီးဖို့  စစ် ဆင်ရေးကို ဆေးလ်ဗားက ဦး ဆောင်ရတယ်။ ဒါပေမဲ့ သူမရဲ့ စစ် ဆင်ရေးလည်း တလွဲတချော် ဖြစ် သွားတော့ ဇီးတားနဲ့ သူမရဲ့  အ စောင့် လင်းယုန်တွေနဲ့ သူတို့တစ် ဖွဲ့လုံး ရင်ဆိုင်တွေ့ကြရပါတယ်။ ဇီးတားရဲ့  လက်ထဲမရောက်အောင်  သူတို့ဘယ်လို ခုခ ံကာကွယ်ကြ မလဲ ဆိုတာ ဆက်လက် ရှုစား စေ ချင်ပါတယ်။ ဒီဇာတ်ကားကို ဘာသာပြန်ပေးသူကတော့ Htet Thura Aye ဖြစ်ပါတယ်