6.6
4,522
...

Video Quality

Blu-ray 1080p

Audio Quality

DTS 5.1

File Size

3.2 GB

Credit

200

Commitment (2013)

Action, Drama

Credits 200

ဒီကားလေးကတော့ ၂၀၁၃ခုနစ်မှာ ထွက်ရှိခဲ့တဲ့ Big Bang အဖွဲ့ဝင် Rapper T.O.P ရဲ့ အက်ရှင်ဇာတ်ကားလေးပါ။ ​တာဝန်ကို ပြီးမြောက်အောင်မြင်အောင် ဆောင်ရွက်ခဲ့ပြီးတာကြောင့် အမိမြေကိုပြန်တော့မယ့် မြောက်ကိုရီးယား သူလျှိုတစ်ယောက်ဟာ မိခင်တိုင်းပြည်ရဲ့ သစ္စာဖောက် စွန့်ပစ်ခြင်းကို ခံခဲ့ရပြီး တောင်ကိုရီးယားတပ်ဖွဲ့ရဲ့ ပစ်ခတ်သတ်ဖြတ်ခြင်းကို ခံခဲ့ရတယ်။ တစ်ဖက်မှာတော့ မြောက်ကိုရီးယားမှာ ကျန်ခဲ့တဲ့ သူ့ရဲ့ သားနဲ့သမီးဟာ လုပ်သားအကျဥ်းစခန်းကို အတင်းအကျပ်အပို့ခံလိုက်ရတယ်။ အဲဒီနောက် သားဖြစ်တဲ့ ရီမြောင်ဟွန်းကို စစ်တပ်အရာရှိတစ်ယောက်က တောင်ပိုင်းမှာ သူလျှိုအဖြစ် ပေးအပ်တဲ့တာဝန်ကို ဆောင်ရွက်ပေးရင် မောင်နှမနှစ်ယောက်စလုံးကို လုပ်သားအကျဥ်းစခန်းက လွတ်မြောက်ခွင့်ပေးမယ်ဆိုပြီး ကမ်းလှမ်းလာခဲ့တယ်။ မြောင်ဟွန်းက သဘောတူလိုက်ပြီး ၂နှစ်တာ အပြင်းအထန်လေ့ကျင့်ပြီးတဲ့နောက် တောင်ကိုရီးယားကို ထွက်လာခဲ့တော့တယ်။ တောင်ကိုရီးယားမှာ အထက်တန်းကျောင်းသားအဖြစ် အသွင်ယူတာဝန်ထမ်းဆောင်နေစဥ် သူ့ညီမလေးနဲ့ နာမည်ချင်းတူတဲ့ အတန်းဖော်ကောင်မလေးနဲ့ ဆုံခဲ့ရတယ်။ အဲဒီကောင်မလေးက အတန်းထဲမှာ အနိုင်ကျင့်ခံနေရတာမို့ ကူညီပေးရင်းကနေ နှစ်ယောက်သား ရင်းနှီးသွားခဲ့တာပေါ့။ ဒီလိုနဲ့ ပထမတာဝန်ကို အောင်မြင်သွားချိန်မှာ အမိမြေကိုပြန်ပြီး ညီမလေးနဲ့တွေ့ဖို့ မျှော်လင့်ခဲ့မိပေမယ့် မြောက်ကိုရီးယားမှာ နိုင်ငံရေးအရ အားပြိုင်မှုတွေ ရှိလာတာကြောင့် သူ့ကို ဒုတိယတာဝန်တစ်ခု ထပ်မံပေးအပ်ခဲ့ပြန်တယ်။ ဒုတိယတာဝန်ကို အောင်မြင်စွာထမ်းဆောင်ပြီး အမိမြေကို ပြန်ခါနီးမှာ အမိမြေက သူ့ကို သစ္စာဖောက်ပြီး စွန့်ပစ်လိုက်တဲ့အခါ... နိုင်ငံအကြီးအကဲတွေရဲ့ အာဏာအတွက် ယှဥ်ပြိုင်မှုမှာ အမြတ်ထုတ်ခံလိုက်ရတဲ့ မြောင်ဟွန်းတစ်ယောက် ညီမဖြစ်သူနဲ့ ပြန်တွေ့နိုင်ပါ့မလား၊ ဘယ်လိုတွေရုန်းကန်ရမလဲဆိုတာကို Commitment ဆိုတဲ့ ဇာတ်လမ်းလေးမှာ ကြည့်ရှုခံစားနိုင်ပါပြီ။ ဇာတ်ကားအညွှန်းနဲ့ ဘာသာပြန်သူကတော့ June Rose ဖြစ်ပါတယ်။