Review : ဒီဇာတ်လမ်းလေးကတော့ ၂၀၀၈ခုနှစ်မှာထွက်ရှိခဲ့ပြီး လူသားနဲ့ မိစ္ဆာတွေကြားထဲက အချစ်၊ အမုန်းကို ရိုက်ပြထားတဲ့ တရုတ်ဇာတ်ကားပဲ ဖြစ်ပါတယ်။ သခင်မကျင်းအာနဲ့ စစ်သူကြီးဟောင်ရှင်းတို့က သခင်မနဲ့ စစ်သူကြီးဆိုတဲ့ ရာထူးကွာဟချက်ကြောင့် ချစ်တာကို ဖွင့်မပြောနိုင်ရှိနေခဲ့ကြပါတယ်။ တစ်နေ့ သခင်မရှင်းအာက မျက်နှာတစ်ခြမ်းကို တောရိုင်းဝက်ဝံရဲ့ကုတ်ဖြဲခံလိုက်ရပြီး ရုပ်ဆိုးအကျည်းတန်သွားတာကြောင့် မျက်နှာဖုံးတစ်ခြမ်း အမြဲတပ်ဆင်ရပါတော့တယ်။ တစ်နေ့ မြေခွေးမိစ္ဆာမနဲ့တွေ့ပြီး လူဖြစ်ချင်နေတဲ့ မိစ္ဆာမဟာ ကမ္ဘာမှာ အလှဆုံးမိန်းကလေး ဖြစ်သွားအောင် အရေပြားလဲပေးမယ်ဆိုပြီး သခင်မရဲ့ နှလုံးသားကို တောင်းပါတော့တယ်။ သခင်မဟာ တကယ်ပဲ သူ့နှလုံးသားကိုပေးလိုက်မလား၊ စစ်သူကြီးကရော တကယ်ပဲ အပေါ်ယံကို ချစ်တဲ့လူမျိုးလားဆိုတာ ဒီဇာတ်ကားလေးကိုပဲ ဆက်ကြည့်ဖို့ တိုက်တွန်းပါရစေ။
ဒီဇာတ်ကားကိုအညွန်းနဲ့ဘာသာပြန်ပေးသူကတော့ Moe Nandar Aye ဖြစ်ပါတယ်