ဘဝမှာတစ်ခါမှမမြင်ဖူးတဲ့ နိုင်ငံခြားက ဘကြီးက အမွေတွေပေးရင် ကောင်းမှာပဲလို့
တွေးဖူးလား။ ဒါဆိုရင်တော့ အမွေနဲ့ ပတ်သက်တဲ့ ဒီကားလေးကိုကြည့်ကြည့်ပါ။ 2020 တုန်းက ထွက်ရှိခဲ့တဲ့ Mystery, Thriller, Drama အမျိုးအစား ဒီဇာတ်ကားမှာတော့ အဖေဖြစ်သူက သမီးအတွက် ချန်ထားခဲ့တဲ့ အမွေအကြောင်းကို ရင်သပ်ရှုမောဖွယ်ရာ ကြည့်ရမှာဖြစ်ပါတယ်။ ချမ်းသာပြီး ဩဇာတိက္ကမကြီးတဲ့ မိသားစုတစ်ခုက အိမ်ထောင်ဦးစီးဖြစ်သူ ရုတ်တရက်ကွယ်လွန် သွားရာကစပါတယ်။ သူက ကျန်ရစ်သူ ဇနီးမယား၊ သမီး၊ သားတို့အတွက် သေတမ်းစာရေးပြီး အမွေတွေ ချန်ထားခဲ့ပါတယ်။ သမီးကြီးဖြစ်သူအတွက် သူချန်ထားခဲ့တဲ့ အမွေကဘာဖြစ်နေမှာလဲဆိုတာ...
ဇာတ်ကားအညွှန်းနှင့် ဘာသာပြန်သူကတော့ Masuji Ono ဖြစ်ပါတယ်။