6.8
8,078
...

Video Quality

Blu-ray 1080p

Audio Quality

E-AC3 5.1

File Size

3 GB

Credit

100

Bimbisara (2022)

Action, Drama, Fantasy

Credits 100

ထရီဂါတာလာတိုင်းပြည်ကို အုပ်ချုပ်တဲ့ ဘုရင်းမင်းမြတ် ဘင်မ်ဘီဆာရာ က တစ်နေ့မှာ အပြစ်မရှိတဲ့ ကလေးကိုရက်ရက်စက်စက်သတ်ပစ်ခဲ့တယ်။ အတ္တကို ရှေ့တန်းတင်တဲ့အတွက်ကြောင့် ဘင်မ်ဘီဆာရာက လူသားဆန်စိတ်မရှိခဲ့ပါဘူး။ဒါပေမယ့် အပြစ်တွေကို ပေးဆပ်ဖို့ကျရောက်လာတဲ့တစ်နေ့မှာတော့ မှန်ကြေးမုံကတစ်ဆင့် တခြားကမ္ဘာတစ်ခုကို ရောက်သွားခဲ့ပါတယ်။ ဒီကမ္ဘာမှာတော့ သူနေထိုင်နေကျ တိုင်းပြည်းနဲ့မတူဘဲ အားလုံးက ကွဲပြားနေပါတယ် ။ အတ္တတွေကြီးလွန်းလို့ ဘယ်အရာကိုမှတန်ဖိုးရှိတယ်လို့တောင် မမြင်တော့တဲ့ ဘင်ပ်ဘီဆာရာက နောင်တရကာ အမှားတွေကိုပြင်ဆင်ပြီး သူ့ကမ္ဘာသူပြန်သွားနိုင်ပါ့မလား ဒါမှမဟုတ် ဒီကမ္ဘာမှာပဲထာဝရအကျဥ်းချခံရတော့မလားဆိုတာအပြင် သူ့ကို တခြားကမ္ဘာကို ပို့ပေးတာ ဘယ်သူများ ဖြစ်မလဲ ဆိုတာကိုစိတ်ဝင်စားဖွယ်ကြည့်ရှုရမှာ ဖြစ်ပါတယ်။ အတ္တကြီးလွန်းရင် အရာရာဆုံးရှုံးနိုင်ပြီး အပြစ်တွေအတွက် ပြန်လည် ပေးဆပ်ဖို့ကို အဓိက ရိုက်ကူးပေးထားတာ ဖြစ်တဲ့အတွက်ကြောင့် ဒီဇာတ်ကားလေးကို ကြည့်သင့်ပါတယ်။ ဤဇာတ်ကားကိုအညွှန်းရေးပေးပြီး ဘာသာပြန်ပေးသူမှာ Iris ဖြစ်ပါတယ်။