6.2
158,352
...

Video Quality

Blu-ray 1080p

Audio Quality

DTS 5.1

File Size

4 GB

Credit

200

Maze Runner: The Death Cure (2018)

Action, Adventure, Sci-Fi

Credits 200

အမေရိကန်စာရေးဆရာ James Dashner ရဲ့The Maze Runner series မှတတိယမြောက်စာအုပ်ဖြစ်တဲ့ The Death Cure ကိုအရင်ဇာတ်ကားတွေကို ရိုက်ကူးတဲ့ဒါရိုက်တာ Wes Ball ပဲရိုက်ကူးထားပြီး Dylan O’Brien, Thomas Bordie-Sangster, Rosa Salazar, Ki Hong Lee, Kaya Soladiaro, Dexter Darden, Aiden Gillen, Barry Pepper,Patricia Clarkson, Will Poulter, Gnaicalo Esposito, Walton Goggins တို့ပါဝင်ထားပါတယ်။ 2017 February 17 မှာ ရုံတင်ဖို့စီစဉ်ထားခဲ့သော်လည်း Dylan O’Brien ရိုက်ကွင်းမှာထိခိုက်မှုဖြစ်ပွားပြီး ရုံတင်ရက်ကိုတစ်နှစ်နီးပါးနောက်ဆုတ်ခဲ့ရပါတယ်။ အခုဒီကားထဲမှာတော့ပထမ၂ကားထဲက လွတ်မြောက်လာကြတဲ့ကောင်လေး တွေထဲကThomas က လွတ်မြောက်လူသူတွေကို စုစည်းပြီး Glader ဆိုတဲ့အဖွဲ့ကိုတည်ထောင်ထားပြီး အဓိကရည်ရွယ်ချက်က သူ့သူငယ်ချင်းတွေကို ကယ်ဆယ်ဖို့ပါ။ ဒီလိုနဲ့ တစ်ရက်မှာ မလွတ်သေးပဲ ကျန်နေခဲ့သေးတဲ့သူ့သူငယ်ချင်းတွေကို တင်ဆောင်လာတဲ့ ရထားကိုဖြတ်တိုက်ပြီးတော့ ကယ်ဖို့ကြိုးစားရင်း မအောင်မြင်ပဲThomas ,Newt နဲ့Frypanတို့ Cranks(Zombie)တွေရှိနေတဲ့ Tunnelထဲကို ရောက်သွားပြီး အန္တာရယ်တွေနဲ့ ရင်ဆိုင်ကြရပြီးတော့ သူတို့ထဲကမှ ဒီဖုတ်ကောင်ကူးစက်တဲ့ရောဂါကိုခံနိုင်ရည်ရှိတာကတော့ မင်ဟိုဆိုတဲ့ ကောင်လေးပါ။ ဒီလိုနဲ့ မင်ဟိုကို ဖြေဆေးဖော်ဖို့ The Last City မြို့ကလူတွေက လိုက်ဖမ်းရင်းနောက်ဆုံးမှာ သူတို့ ဘယ်လိုတွေဖြစ်ကြမလဲ။ ဖုတ်ကောင်တွေ ရန်ကကော ကာကွယ်နိုင်ပါ့မလား။ Maze ထဲကလွတ်မြောက်လာတဲ့ပထမဆုံး Runner တွေကကော ဘာအတွက် ထွက်ပြေးနေရတာလဲ ဆိုတာကိုတော့ ပရိတ်သတ်ကြီးက ဆက်လက်ကြည့်ကြရမှာပါ…….