7.7
317,155
...

Video Quality

Blu-ray 1080p

Audio Quality

DTS HDMA 5.1

File Size

6.6 GB

Credit

500

Apollo 13 (1995)

Adventure, Drama, History

Credits 500

App ထဲကနေ Movie Request လုပ်ထားတဲ့ကားတွေထဲက တစ်ကားဖြစ်တဲ့ Apollo 13 လေးကိုဘာသာပြန်တင်ဆက်ပေးလိုက်ပါတယ် Hollywood မင်းသားကြီး Tom Hanks ပါဝင်သရုပ်ဆောင်ထားပြီး Oscar 2ဆုအပြင် ဆုပေါင်း 31ဆု ရခဲ့တဲ့ ကမ္ဘာကျော်စွန့်စားခန်းရုပ်ရှင်ဖြစ်လို့ မကြည့်ရ‌သေးတဲ့သူတွေရော ကြည့်ပြီးသားလူတွေပါ အားပေးသင့်ပါတယ်။ ဖြစ်ရပ်မှန်ကိုပါ အခြေခံရိုက်ကူးထားတာဆိုတော့ masterpiece လက်ရာတစ်ခုလို့ ပြောလည်းမမှားပါဘူး။ ဂျင် (Tom Hanks)နဲ့ ဖရက်ဒို၊ ဂျက်တို့ အာကာသယာဉ်မှူးသုံးယောက်က လကမ္ဘာပေါ်ဆင်းသက်ဖို့ Apollo 13 အာကာသယာဉ်ပေါ်လိုက်ပါလာကြပါတယ်။ ဒါက နီရယ်လ်အမ်းစ်ထရောင်းတို့ လပေါ်ပထမဆုံးအကြိမ် ဆင်းသက်ပြီးနောက် NASA ရဲ့ နောက်ထပ်မစ်ရှင်ဖြစ်ပါတယ်။ ကံဆိုးစွာနဲ့ ကမ္ဘာမြေကနေ ထွက်လာပြီးတော့ Apollo 13 က မမျှော်လင့်ဘဲ အတွင်းပိုင်းအကြီးအကျယ်ပျက်စီးသွားတဲ့အခါ လပေါ်ဆင်းသက်မယ့် မစ်ရှင်ကို ဖျက်သိမ်းပြီး ယာဉ်ပေါ်ပါသွားတဲ့ အာကာသယာဉ်မှူးသုံးယောက်ကို အန္တရာယ်ကင်းကင်းနဲ့ အိမ်ပြန်ခေါ်နိုင်ဖို့ ကြိုးပမ်းရပါတော့တယ်။ အတားအဆီးအခက်အခဲတွေကြားကနေ ဂျင်တို့သုံး‌ယောက် ဘေးမသီရန်မခပြန်လာနိုင်ဖို့ မြေပြင်က ပညာရှင်တွေ ဝန်ထမ်းတွေအားလုံးပူးပေါင်းပြီး တီထွင်ကြံဆအားထုတ်ပုံနဲ့ အသက်ဘေးကလွတ်သွားပေမယ့် လပေါ်မရောက်ခဲ့လို့ successful failure ဖြစ်သွားပုံကို ဒရာမာဆန်ဆန် မြင်တွေ့ရမှာပါ။ ဒီဇာတ်ကားကိုအညွန်းနဲ့ဘာသာပြန်ပေးသူကတော့ Shune Lai KK ဖြစ်ပါတယ်