6.2
1,140
...

Video Quality

Blu-ray 1080p

Audio Quality

DTS 5.1

File Size

3.2 GB

Credit

200

Detective K: Secret of Virtuous Widow (2011)

Action, Comedy, Crime

Credits 200

Detective K ဟာဆိုရင်တော့ကိုးရီးယားဟာသအက်ရှင်ကားလေးကိုပြေးမြင်ကြမှာပါ။ဒီကားလေးကို၂၀၁၁ခုနှစ်မှာထုတ်ဝေခဲ့ပြီးအဲဒီနှစ်ရဲ့ကိုးရီးယားမှာစတုတ္ထမြောက်ရောင်းအားအကောင်းဆုံးဖြစ်ခဲ့ပါတယ်။ဇာတ်အိမ်ကို၁၇၉၃ခုနှစ်ဂျီအိုဂျုန်မင်းနန်းတက်ပြီး၁၇နှစ်အကြာဂျိုစွန်ပြည်ကို နောက်ခံထားထားပါတယ်။မင်းကြီးဟာနိုင်ငံအတွင်းစီးပွားရေးဆုတ်ယုတ်လာမှုအပေါ်စုံစမ်းရင်းမင်းမှုထမ်းတွေကြားလာဘ်စားမှုတွေကိုတိုက်ထုတ်ဖို့ကြံရွယ်တာပါ။လူယုံတွေနည်းပါးနဲ့တဲ့အချိန်မှာပဲသူစိတ်အချရဆုံးဖြစ်တဲ့စုံထောက်ကြီးကေကိုလာဘ်စားမှုတွေလူသတ်မှုတွေကိုစုံစမ်းဖို့အမိန့်တာဝန်ပေးလိုက်ပါတယ်။စုံထောက်ကေတယောက်ဖမ်းဆီးမိထားတဲ့တပ်မှူးကိုစစ်ဆေးဖို့ထောင်ထဲသွားတဲ့အခါမှာတော့တပ်မှူးအရာရှိကအသတ်ခံထားနှင့်ရပါပြီ။အလောင်းကိုစစ်ဆေးကြည့်လိုက်တဲ့အခါဦးခေါင်းနောက်မှာအပ်လေးစိုက်ပြီးသတ်ခဲ့တာကိုတွေ့ခဲ့ရတာကစပြီးအမှုရဲ့သဲလွန်စတွေရခဲ့ပါတယ်။ကံဆိုးချင်တော့တခြားအရာရှိတွေရောက်လာတဲ့အခါအပ်လေးကိုင်ပြီးအလောင်းဘေးရပ်နေတဲ့စုံထောက်ကြီးကိုအထင်လွဲပြီးအကျဉ်းချလိုက်ပါတော့တယ်။ဒါပေမယ့်ခွေးချစ်သူဆိုဖီးရဲ့အကူအညီနဲ့ပဲထောင်ကနေဖောက်ပြေးလာပါတယ်။ဒီလိုကိစ္စတွေကြောင့်မင်းကြီးကသူ့ကိုရာထူးကချပြီးလက်ရှိအမှုကိုလွတ်ကာဂျုတ်စုန်းကအမှုတခုကိုစုံစမ်းခိုင်းလိုက်ပါတယ်။သာမန်အမှုလို့ထင်ရပေမယ့်ဒီအမှုကနေပဲအားလုံးသောလူသတ်မှုတွေလာဘ်စားမှုနေနဲ့ဆက်နွယ်နေတာကိုစုံထောက်ကြီးသိလိုက်ရပြီးတဲ့နောက်….စုံထောက်ကြီးကေတယောက်ဘယ်လိုဖော်ထုတ်မလဲဆိုတာတော့ဟာသလေးတွေနှောထားတဲ့DetectiveKဇာတ်ကားလေးကိုကြည့်လိုက်ရအောင်ဗျာ။ Credit Review