7.4
28,930
...

Video Quality

Blu-ray 1080p

Audio Quality

AC3 5.1

File Size

1.8 GB

Credit

100

24: Redemption (2008)

Action, Adventure, Crime

Credits 100

24 ရဲ့ ထူးထူးခြားခြားထွက်ထားတဲ့ ရုပ်ရှင်တစ်ကားပါ။ Timeline အရဆိုရင် "24 Redemption"ဟာ "24 Season 6"အပြီး ၄နှစ်အကြာမှာ ဇာတ်အိမ်တည်ထားပါတယ်။ အချိတ်အဆက်မိမိကြည့်ချင်ရင်တော့ "Season 6"ကို အစအဆုံးကြည့်ပြီးမှ ဒီဇာတ်ကားကိုကြည့်ဖို့ အကြံပြုချင်ပါတယ်။ Season 7 မှာပါလာမယ့် Plot တော်တော်များများကိုလည်း ချပြထားတာမို့ ဒီဇာတ်ကားကိုကြည့်ပြီးမှ နောက်လာမယ့် Season 7 ကိုလည်း ကောင်းကောင်းနားလည်မှာပါ။ ဒီဇာတ်လမ်းမှာတော့ အရင်လို ၂၄နာရီအတွင်း ဖြစ်ရပ်တွေကိုရိုက်ကူးထားတာမဟုတ်ဘဲ အချိန်၂နာရီအတွင်းကိုသာ သရုပ်ဖော်ထားတာပါ။ အာဖရိကတိုက်ရဲ့ဆန်ဂါလာနိုင်ငံမှာ ဗိုလ်ချုပ်ဂျူးမားခေါင်းဆောင်တဲ့ လူမည်းအမေရိကန် တော်လှန်ရေးတပ်တွေဟာ အမေရိကန်အစိုးရကိုပုန်ကန်တိုက်ခိုက်နေပါတယ်။ အမေရိကန်နိုင်ငံကစစ်ခေါင်းဆောင်တစ်ယောက်ကလည်း စစ်လက်နက်ပစ္စည်းတွေထောက်ပံ့ပေးထားပြီးအမေရိကန်နိုင်ငံနဲ့ ရန်တိုက်ပေးထားတာပါ။ ဒါပေမဲ့ တော်လှန်ရေးတပ်မှာ စစ်သားအရေအတွက်နည်းပါးလာတဲ့အခါ အရွယ်မရောက်သေးတဲ့ကလေးတွေကိုဖမ်းဆီးခေါ်ဆောင်ပြီး ကလေးစစ်သားအဖြစ် အသုံးချလာပါတော့တယ်။ဖြစ်ချင်တော့ ဂျက်ဘောင်ဝါကလည်း ဆန်ဂါလာနိုင်ငံမှာ လူမည်းကလေးငယ်တွေအတွက်အမေရိကန်စာသင်ကျောင်းဖွင့်ပေးထားတဲ့ သူငယ်ချင်းဖြစ်သူ ကားလ်ဘန်တန်ဆီရောက်နေတဲ့အချိန်။တော်လှန်ရေးတပ်ဖွဲ့တွေဟာ ကျောင်းက ကလေးတွေကိုစစ်ပွဲမှာအသုံးချဖို့လာရောက်ဖမ်းဆီးတဲ့အခါ ကလေးတွေကိုကာကွယ်ဖို့ ဂျက်ဘောင်ဝါဆီ တာဝန်ကျလာပါတော့တယ်။ ဒီ ဇာတ်ကား ကိုအညွန်းနဲ့ဘာသာပြန်ပေးသူကတော့ Htet Aung Lwin ဖြစ်ပါတယ်