7.5
193,122
...

Video Quality

Blu-ray 1080p

Audio Quality

TrueHD 7.1

File Size

8 GB

Credit

500

The Abyss (1989)

Adventure, Drama, Mystery

Credits 500

App ထဲကနေ Movie Request လုပ်ထားတဲ့ကားတွေထဲက တစ်ကားဖြစ်တဲ့ The Abyss လေးကိုဘာသာပြန်တင်ဆက်ပေးလိုက်ပါတယ် Diving လုပ်တဲ့ကားတွေထဲကမှ နိုင်ငံရေးအရှုပ်အရှင်းတွေရော စွန့်စားခန်းတွေရော နျူကလိယလက်နက်တွေရော...ဂြိုလ်သားတွေထိပါ အစုံအလင်ပါပြီး ရသမျိုးစုံနဲ့ ကြည့်ရမယ့် ရုပ်ရှင်ပေါ့။ ဘက်နဲ့လင်စီတို့က ပင်လယ်ပြင်ကရေနံတူးစင်မှာ အတူအလုပ်လုပ်ပြီး နောက်ပိုင်းမှာ စိတ်သဘောထားမတိုက်ဆိုင်လို့ လမ်းခွဲလိုက်ပါတယ်။ ကိုယ်စီအလုပ်ဆက်လုပ်နေရင်း တစ်ဖက်မှာလည်း ရေတပ်သားတွေပါတဲ့ရေငုပ်သင်္ဘောက အန္တရာယ်ကြုံပြီး အဆုံးမရှိတဲ့ ပင်လယ်ရေနက်ထဲမြုပ်သွားတဲ့အတွက် အစိုးရဘက်က ဘက်တို့ကုမ္ပဏီကိုငှားပြီး ပြန်ရှာခိုင်းပါတယ်။ အဲ့မှာ ဇာတ်လမ်းစတာပါပဲ လင်စီတို့ဘက်ကနေ ရှာဖွေရင်း ရုရှားဘက်ကို ရန်မလိုတဲ့တိုက်ခိုက်မှု လုပ်မိခဲ့တဲ့အတွက် ရုရှားဘက်ကလည်း တင့်ကားတွေလေယာဉ်တွေ လွှတ်နေပါပြီ။ ရေပြင်ပေါ်မှာလည်း မုန်တိုင်း လာမှာရှိနေပြီး ဒီလို အကျပ်အတည်းကြားမှာ ရေနက်ကြီးထဲက ဘက်တို့အဖွဲ့သားတွေ နျူကလိယလက်နက်ပါတဲ့ ရေငုပ်သင်္ဘောကို ရှာဖွေရင်း ကြုံလာရတဲ့ ဘေးဒုက္ခတွေကို ရင်ဆိုင်ဖြေရှင်းပုံကို အားပေးရမှာဖြစ်ပါတယ်။ ဒီဇာတ်ကားကိုအညွန်းနဲ့ဘာသာပြန်ပေးသူကတော့ Shune Lai KK ဖြစ်ပါတယ်