4.1
737
...

Video Quality

Blu-ray 1080p

Audio Quality

DTS 5.1

File Size

4.3 GB

Credit

200

Legacy (2020)

Action, Drama, Thriller

Credits 200

ဆားဘီးယားနိုင်ငံရဲ့ မြို့တော် ဘယ်အိုဂရဒ်မြို့မှာ စစ်ရာဇဝတ်ကောင်တစ်ဖြစ်လဲ မူးယစ်ရာဇာကြီးကို ဗြိတိသျှထောက်လှမ်းရေးအဖွဲ့က နိုလန်နဲ့ နိုင်ငံတကာရဲတွေက ဖမ်းဆီးနိုင်လိုက်ပါတယ်။ သူ့ကို နယ်သာလန်နိုင်ငံ ဒဟိဂ်မြို့ကို ပို့ပြီး ခုံရုံးတင် စစ်ဆေးဖို့ လုပ်ချိန်မှာ သူက ကြေးစားလူသတ်သမားတစ်ယောက်ကို ငှားပြီး သက်သေတွေကို ဖျောက်ဖျက်ပစ်ဖို့လုပ်ပါတော့တယ်။ သက်သေတွေထဲက တစ်ယောက်ဖြစ်တဲ့ ကောင်လေးဟာ သူ့မွေးစားအဖေနဲ့အတူ အမေရိကန်ကတောတစ်ခုမှာ အမဲလိုက်ထွက်နေရာကနေ သူတို့ကို လူသတ်သမားတွေက ပြန်အမဲလိုက်တာကို ခံရပါတော့တယ်။ မမျှော်လင့်ဘဲ တောထဲမှာ သူတို့ကို လာကယ်တဲ့ သူစိမ်းတစ်ချို့နဲ့ ဆုံလိုက်တဲ့အခါ ကောင်လေးရဲ့ အဖေအရင်းအကြောင်း သိလိုက်ရပါတော့တယ်။ တောထဲမှာ ကြေးစားလူသတ်သမားတွေ အမဲလိုက်ခံရတဲ့အဖြစ်ကနေ သူတို့ အသက်ရှင်လွတ်မြောက်နိုင်မှာလား၊ စစ်ရာဇ ဝတ်ကောင် မူးယစ်ရာဇာကြီးက ကောင်လေးကိုသတ်ဖို့ဘာလို့ ကြေးစားလူသတ်သမားတွေကို ငှားရမ်းခဲ့တာလည်းဆိုတာကို စိတ်ဝင်စားဖွယ်ကြည့်ရှုရင်း မိဘနဲ့ သားသမီးကြားထဲက ချစ်မေတ္တာဆိုတာကိုလည်း ခံစားကြရမှာပါ။ ဇာတ်ကားကတော့ Action, Drama, Thriller အမျိုးအစားဖြစ်ပြီး ၂၀၂၀ တုန်းက ထွက်ရှိခဲ့တာပါ။ ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်သူကတော့ Masuji Ono ဖြစ်ပါတယ်။