ငယ်ငယ်ကတည်းက ဒယ်ဆောင်းကျောင်းမှာ ရိုးရာသီချင်းဆိုတဲ့ပညာကိုသင်လာခဲ့တဲ့ ဂျောင်ဆိုယုံး၊ အဖေဖြစ်သူရဲ့ရောင်းစားခံရပြီး ဒယ်ဆောင်းကိုရောက်လာတဲ့ ဆောယွန်းဟီး။ သူတို့နှစ်ယောက်ဟာ ငယ်ငယ်ကတည်းက သူငယ်ချင်းဖြစ်လာပြီး ကျောင်းကစာမေးပွဲအောင်သွားတော့ ဂီတပညာရှင်တွေဖြစ်လာကြပါတယ်။
တစ်ရက်ကျ ဆိုယုံးရဲ့ချစ်သူ ယွန်းဝူက ဂျပန်ကနေပြန်လာခဲ့ပါတယ်။ ဆိုယုံးနဲ့ယွန်းဟီးတို့ရဲ့ Idolဖြစ်တဲ့ လီနန်ယောင်းကို ယွန်းဝူက ဆိုယုံးတို့ကိုမိတ်ဆက်ပေးခဲ့ပြီး လီနန်ယောင်းက ယွန်းဟီးကိုသဘောကျပြီး မြေတောင်မြှောက်ပေးတဲ့အခါမှာ သူငယ်ချင်း၂ယောက်ကြားဘာတွေဆက်ဖြစ်လာမလဲ? ဇာတ်ကားနာမည်လေးအတိုင်း အချစ်နဲ့အလိမ်အညာတွေကြောင့် ထင်ရာစိုင်းပြီး ဘဝပျက်ခဲ့ရတဲ့ မိန်းကလေးတစ်ယောက်ရဲ့ သနားစရာဖြစ်ရပ်လေးကို ကရုဏာသက်ဖွယ်ကြည့်ရှုကြရမှာပါ။
ဒီကားလေးကို အညွှန်းနဲ့ဘာသာပြန်ဆိုသူကတော့ Huihui ဖြစ်ပါတယ်။