6.3
81,675
...

Video Quality

Blu-ray 1080p

Audio Quality

DTS HDMA 7.1

File Size

5.9 GB

Credit

500

Dumbo (2019)

Adventure, Family, Fantasy

Credits 500

90’s born အစောပိုင်း ကလေးတွေ ကာတွန်းကားအဖြစ် ခဏခဏ ပြန်ကြည့်ပြီး အသည်းစွဲကြိုက်ခဲ့ရသလို၊ အရမ်းချစ်စရာကောင်းတဲ့ 1941 ခုနှစ်ကထွက်ထားတဲ့ Disney’s Dumbo ကိုအခြေခံပြီး ယခုလက်ရှိမှာတော့ ဒါရိုက်တာ Tim Burton ကနေပြန်လည်အသက်သွင်းထားပါတယ်။ 1941 ခုနှစ်တုန်းက Dumbo ကားဟာ ကာတွန်းအနေနဲ့အောင်မြင်မှုတွေရယူခဲ့ပြီး ယခု Dumbo (2019) ဇာတ်ကားကိုတော့ 3D Animation ရယ် Human Characters တွေရယ် ပေါင်းစပ်ထားပြီး Live Action အနေနဲ့ Walt Disney Studios Motion Pictures ကနေ ဇာတ်လမ်းအတွက် US 170 milion လောက်ကို သုံးထားပြီး ရိုက်ကူးဖြန့်ချီထားတယ်လို့လည်းသိရပါတယ်။ သရုပ်ဆောင်တွေအနေနဲ့ Colin Farrell, Michael Keaton, Danny DeVito နဲ့ Eva Green တို့က အဓိကပါဝင်ထားပြီး ဇာတ်လမ်းကြာချိန်ကတော့ 112 minutes လောက် ကြာမြင့်မှာဖြစ်တဲ့ စိတ်ကူးယဉ်ဆန်ဆန် ဇာတ်ကားလေးပဲဖြစ်ပါတယ်။ Dumbo လေးကို အမှတ်မထင်ရထားပေါ်မှာတွေ့မိပြီး မွေးကတည်းက နားရွက်ကလေးက ကြီးနေလို့ အထူးအဆန်း ဆင်ပေါက်ကလေးအနေနဲ့ မိခင်နဲ့ခွဲခံရကာ ဆပ်ကပ်အဖွဲ့ထဲရောက်ခဲ့ရပါတယ်။ အဲ့အချိန်မှာ Dumbo လေးက သူ့ဟာသူရော ဘယ်သူကမှပါ ပျံသန်းတတ်တာမသိကြသေးပါဘူး… Dumbo လေးက ချစ်စရာလေးမို့ကလေးလေးတွေနဲ့ဆော့ရင်း မတော်တဆပျံသန်းမိခဲ့သလို့ဖြစ်ခဲ့ရာကနေ Dumbo ရှိတဲ့ဆပ်ကပ်လေးက လူသိများလာတဲ့အခါ…ဆပ်ကပ်အဖွဲ့ရဲ့နောက်ကွယ်ဇာတ်လမ်းတွေအပေါ်မှာ Dumbo လေး ဘာတွေဆက်ဖြစ်သွားမယ်ဆိုတာကိုတော့။