6.7
3,265
...

Video Quality

Blu-ray 1080p

Audio Quality

DTS 5.1

File Size

3.8 GB

Credit

200

Asura (2016)

Action, Crime, Thriller

Credits 200

ဒီကားလေးကတော့ ၂၀၁၆တုန်းက ထွက်ရှိခဲ့တဲ့ အက်ရှင်မှုခင်းဇာတ်လမ်းလေးပါ။ အန်နမ်မြို့တော်ဝန်ဟာ ခြစားမှုပေါင်းစုံ ကျူးလွန်ထားပြီး အန်နမ်မြို့တော် ပြန်လည်တည်ဆောက်ရေး စီမံကိန်းကနေ အချီကြီး မောင်ပိုင်စီးဖို့ ကြိုးပမ်းနေသူပါ။ သူဟာ ရွေးကောက်ပွဲ မသမာမှုနဲ့ တရားစွဲခံခဲ့ရပေမယ့် မျက်မြင်သက်သေကို လက်စဖျောက်ပြီး အမှုကနေ ကိုယ်လွတ်ရုန်းနိုင်ခဲ့တယ်။ စုံထောက်ဟန်ဒိုဂယောင်းကတော့ မြို့တော်ဝန်အတွက် တရားမဝင်တဲ့အလုပ်တွေကို လက်သွေးစွန်းခံပြီး ဖြေရှင်းပေးရတဲ့ လက်ပါးစေခွေးပါ။ ပြည်သူ့အမှုထမ်းဖြစ်တဲ့ ဒိုဂယောင်းဟာ နာတာရှည် ကင်ဆာရောဂါသည်ဖြစ်တဲ့ ဇနီးသည်ရဲ့ ဆေးရုံစရိတ်အတွက် မတတ်သာဘဲ ဒီအလုပ်တွေလုပ်ရင်း အမိုက်အမှောင်နွံကနေ ရုန်းမထွက်နိုင်သူပေါ့။ တစ်နေ့ မြို့တော်ဝန်အတွက် အလုပ်လုပ်ပေးရင်း လုပ်ဖော်ကိုင်ဖက် အရာရှိကို မတော်တဆ သတ်မိခဲ့တာကို မြို့တော်ဝန်နောက် လိုက်နေတဲ့ အမှုစစ်တွေဆီမှာ မိသွားတော့တယ်။ ချောင်ပိတ်မိသွားတဲ့ ဒိုဂယောင်းတစ်ယောက် အမှုစစ်တွေရဲ့ ဖိအားပေးမှုအောက်မှာ မြို့တော်ဝန်ကို ဖမ်းဖို့အတွက် သက်သေရှာပေးဖို့ ဖြစ်လာပါတော့တယ်။ အာဏာရှိသူတွေရဲ့ ခြစားမှု၊ သူတို့ဆီမှာ အသုံးချခံရတဲ့ လောဘသားကောင်တို့ရဲ့ ပျက်စီးကြောင်းတွေကို Asura: The City of Madness ဆိုတဲ့ ဇာတ်လမ်းလေးမှာ ကြည့်ရှုခံစားလို့ရပါပြီ။ ဒီဇာတ်ကားကိုအညွန်းနဲ့ဘာသာပြန်ပေးသူကတော့ June Rose ဖြစ်ပါတယ်