5.6
93,098
...

Video Quality

Blu-ray 1080p

Audio Quality

DTS HDMA 5.1

File Size

4.2 GB

Credit

500

Thir13en Ghosts (2001)

Fantasy, Horror

Credits 500

2001 ခုနှစ်တုန်းက ထွက်ခဲ့တဲ့လက်ရာတစ်ခုပါ။ ခုခေတ် Horror, Fantasy တွေနဲ့စာရင် နည်းနည်းရိုးတယ်လို့ထင်ရပေမယ့် အဲ့တုန်းကဖီလင်ရသ ခံစားချင်‌တဲ့သူတွေ ကြည့်လို့ အဆင်ပြေမှာပါ။ ကလေးနှစ်ယောက်နဲ့ ပျော်ရွှင်အေးချမ်းစွာနေလာတဲ့ အာသာတို့ဇနီးမောင်နှံက မတော်တဆမီးလောင်မှုဖြစ်ပြီး ပိုင်ဆိုင်မှုတွေနဲ့အတူ ဇနီးဖြစ်သူကိုပါ ဆုံးရှုံးခဲ့ရတယ်....သားဘော်ဘီ သမီးကေသီတို့နဲ့အတူ ဘ၀ကို ကြံ့ကြံ့ခိုင်နေလာရင်း တစ်နေ့မှာ အာသာ့ဦးလေးရဲ့ ရှေ့နေဆိုတဲ့သူ ရောက်လာတဲ့အခါ.... အာသာ့ဉီးလေး ဆိုင်းရပ်စ်က တစ္ဆေဖမ်းတဲ့မုဆိုးဖြစ်ပြီး သူ့အသိဒန်းနစ်စ်အကူအညီနဲ့ ဖမ်းရင်း သေဆုံးသွားခဲ့တာပါ။ သူ့သေတမ်းစာမှာ သူချန်ထားခဲ့တဲ့ အိမ်ကြီးကို အာသာကိုအမွေပေးခဲ့တဲ့အတွက် သူတို့သားအဖတွေ ၀မ်းသာအားရဖြစ်ပြီး အိမ်ကြီးဆီ လာကြည့်ကြပါတယ်။ အိမ်ကြီးက ဖန်သားနံရံတွေနဲ့ ထူးထူးဆန်းဆန်း‌‌ ဆောက်ထားတဲ့ဒီဇိုင်းဖြစ်ပြီး မြေအောက်ခန်းမှာ တစ္ဆေတွေကို ချုပ်နှောင်ထားတာ သိလိုက်ရတဲ့အခါ...သူ့ဉီးလေးဆိုင်းရပ်စ်က ဘာရည်ရွယ်ချက်နဲ့ ဒါကြီးကိုဆောက်ထားတာလဲ...တစ္ဆေတွေကရော ဘယ်လိုပတ်သက်တာလဲဆိုတာ...ဆက်လက်ရှုစားကြည့်ပါဦး။ ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်သူကတော့ Shune Lai KK ဖြစ်ပါတယ်။