5.1
97,033
...

Video Quality

Blu-ray 1080p

Audio Quality

DTS 5.1

File Size

3.7 GB

Credit

200

Moonfall (2022)

Action, Adventure, Sci-Fi

Credits 200

Moon Fall ဆိုတဲ့ scientific ရုပ်ရှင်ကားကို ၂၀၂၂ခုနှစ် မှာထုတ်လွှင့်ခဲ့ပါတယ်။ ကမ္ဘာပျက်ရင်ဘာဖြစ်ကြမလဲဆိုတာကို ဟောကိန်းထုတ်တဲ့ရုပ်ရှင်ကားတစ်ကားလို့လည်းပြောလို့ရပါတယ်။ ဒါပေမယ့် ဒီတစ်ခါကမ္ဘာပျက်တာမျိုးကတော့ထူးဆန်းပါတယ်။ လကြီးက ကမ္ဘာဆီကိုပြုတ်ကျလာပါတယ်တဲ့! NASA က ဘရိုင်ယန်၊ ဖော်လာနဲ့ မာကက်စ်တို့နက္ခတ္တပညာရှင်သုံးဦးဟာ အာကာသထဲမှာပြုပြင်ရေးမစ်ရှင်လုပ်နေတုန်း လဆီကနေထူးဆန်းတဲ့အရာကြီးတစ်ခုထွက်လာခဲ့ပါတယ်။ အဲ့ဒီအရာကြီးရဲ့တိုက်ခိုက်မှုကြောင့် မာကက်စ်ကအာကာသထဲမှာပျောက်ကွယ်သေဆုံးခဲ့ပေမယ့် ဘရိုင်ယန်နဲ့ဖော်လာတို့ကတော့ ကံကောင်းလို့အသက်မသေဘဲလွတ်မြောက်ကာ ကမ္ဘာမြေဆီပြန်လည်ဆင်းသက်နိုင်ခဲ့ပါတယ်။ ဒီဖြစ်ရပ်ကြောင့် ဘရိုင်ယန်နဲ့ဖော်လာတို့တရားရုံးမှာအချိန်အတော်ကြာတရားရင်ဆိုင်ခဲ့ရပြီး သူငယ်ချင်းဆုံးရှုံးမှုကြောင့်စိတ်ဒဏ်ရာရသွားတဲ့ ဘရိုင်ယန်က NASA ကနေနုတ်ထွက်ခဲ့ပါတယ်။ ဒီဖြစ်ရပ်ဖြစ်အပြီး ၁၂နှစ်အကြာမှာ လကြီးကသူ့ရဲ့ပတ်လမ်းကြောင်းကနေ ချော်ထွက်နေခဲ့တယ်ဆိုတဲ့အချက်အလက်ကို NASA ရဲ့မတိုင်ခင်ပထမဆုံးသိရှိသွားသူကတော့ မထင်မရှား megastructurist တစ်ယောက်ဖြစ်တဲ့ ကေစီဟောက်စ်မန်းဆိုသူပါပဲ။ သူ့ရဲတွေ့ရှိမှုကို NASA ကသိပြီးအမြန်ဆုံးလှုပ်ရှားမှုတွေလုပ်ရအောင်ကြိုးစားခဲ့ပေမယ့် ဘယ်သူကမှသူ့ရဲ့စကားကိုမယုံခဲ့ပါဘူး။ ဒါကြောင့် အားလုံးရဲ့အမြင်ကနေဇာတ်မြုပ်နေထိုင်နေတဲ့ ဘရိုင်ယန်ကိုတွေ့ပြီးပြောပြဖို့ ကေစီကကြိုးစားခဲ့ပါတော့တယ်။ ဒီလိုနဲ့ကမ္ဘာကြီးဆီကိုအမြန်ဆုံးအရှိန်နဲ့နီးကပ်လာနေတဲ့ အန္တရာယ်ကြီးကိုသူတို့တားဆီးနိုင်ပါ့မလား...? ဒီဇာတ်ကားအတွက် ဘာသာပြန်နဲ့အညွှန်းရေးသူကတော့ Erika Sean ဖြစ်ပါတယ်။