Imdb 8/10
(သိမ်းထားချင်သူတွေအတွက် အမိုက်စား ဘာသာပြန် အမိုက်စား Blue Ray Quality ဖြင့် တခုတ်တရတင်ဆက်ပေးလိုက်ရပါတယ်ခင်ဗျာ..။)
တိုင်းပြည်တစ်ခုဟာ သံယံဇာတ ပေါကြွယ်ဝတယ်ဆိုရင်
အဲဒိတိုင်းပြည်ဟာ တိုးတက်ဖို့နဲ့ ယှဉ်ရင် ပြည်တွင်းစစ်ဖြစ်ဖို့ ရာခိုင်နှုန်းပိုများတယ် ။
အာဖရိကရဲ့ သမိုင်းတစ်လျှောက်မှာ
တန်ဖိုးကြီးတဲ့ အရာတစ်ခုကို ရှာတွေ့တာနဲ့ လူပေါင်းများစွာဟာ ကံဆိုးမိုးမှောင်ကျပြီး သေဆုံးကျရပါတယ် ။ ဆင်စွယ် ၊ ရာဘာ ၊ ရွှေနဲ့ ရေနံ အတွက်အပြင် အခုဆိုရင် စိန်အတွက်ပါ လူတွေဟာ သေဆုံးနေကြရရှာတယ် ။
ဒီစိန်တွေ ရရှိလာတဲ့
ငွေကြေးတွေကို ပြည်တွင်းစစ်တိုက်ဖို့ လက်နက်ဝယ်တဲ့ နေရာတွေမှာ အသုံးပြုတယ် ။ အဲဒိဒေသက ထွက်တဲ့ စိန်ရဲ့ သုံးပုံနှစ်ပုံကို အမေရိကန်က ဝယ်တယ် ။ တကယ်တမ်းတော့ ဒီစိန်တွေဟာ ဈေးကွက်ငွေလည်ပတ်မှုရဲ့ ရာခိုင်နှုန်း အနည်းငယ်ပဲရှိပါတယ် ။
အာဖရိက အနောက်ပိုင်း ဆိုင်ရာ လီယွန် စိန်ထွက်ရာ ဒေသ ။
စိန်ဈေးကွက် တစ်ခုရဲ့ ၁၅ ရာခိုင်နှုန်းကို အဲဒိ ဒေသက ထုတ်ပေးနေတယ် ။ အဲဒိမှာ အာဖရိကန် အမျိုးသား လွတ်မြောက်ရေး ဆိုပြီး အစိုးရကို တော်လှန်နေတဲ့ RUF တပ်မတော်ရှိတယ် ။ အဲဒိ တပ်မတော်က စိန်ခိုးတူးတယ် ။ ထွက်လာတဲ့ စိန်ကို ပတ်ဝန်းကျင်နိုင်ငံတွေက ဗိုလ်ချုပ်တွေက ဝယ်ပြီး နိုင်ငံတကာကို ပြန်ရောင်းပေးတယ် ။ ရလာတဲ့ ငွေကြေးနဲ့ RUF လို့ခေါ်တဲ့ လွတ်မြောက်ရေး တော်လှန်တဲ့ သူပုန်တွေက လက်နက်ဝယ်ယူကြတယ် ။
အဲဒိဒေသက ထွက်လာတာကတော့ Blood Diamond လို့ခေါ်တဲ့ သွေးစွန်းစိန်ပဲ ။ တကယ်တော့ သွေးစွန်းနေတဲ့ ပန်းရောင် စိန် ပါပဲ ။ ပန်းရောင်စိန်ဆိုတာ ရှားတယ် ဈေးကြီးတာကိုဗျ (စကားချပ်) ။
ဇာတ်လမ်းအကျဉ်းကို ပြောပြရင်တော့
RUF သူပုန်တွေက အနီးအနားရွာတွေက လူတွေဖမ်းပြီး စိန်ခိုးတူးတယ် ။ အဲဒိထဲက ရွာသားတစ်ယောက်က ချောင်းထဲကနေ ပန်းရောင် စိန်တစ်လုံးကို ရရှိလာတယ် ။ ဒါကို သူပုန်ခေါင်းဆောင်ကလည်း လိုချင်တယ် ။ အစိုးရတပ် ဝင်လာတော့ အဲဒိ ပန်းရောင်စိန်က ဝှက်ထားတဲ့နေရာမှာ ကျန်နေရစ်ခဲ့တယ် ။ အဲဒိပန်းရောင်စိန်အကြောင်းကို သူပုန်တွေစီကို လက်နက်ရောင်းပေးနေတဲ့ ကုန်သည်တွေကလည်း သိတယ် ။
အဲဒိစိန်ကို အကြောင်းပြုပြီး
စိန်ကုန်သည်တွေ သူပုန်တွေ နဲ့ လက်နက်ကုန်သည်တွေကြားမှာ ဘာတွေ ဆက်ဖြစ်ကြမလဲ? ဆိုတာတော့ ........