6.8
1,356
...

Video Quality

Blu-ray 1080p

Audio Quality

DTS HDMA 5.1

File Size

4.9 GB

Credit

500

New Trial (2017)

Crime, Drama

Credits 500

ဒီကားလေးကတော့ 2017တုန်းကထွက်ရှိခဲ့တဲ့ ဖြစ်ရပ်မှန်ဇာတ်လမ်းလေးပါ။ ဘားမှာအလုပ်လုပ်တဲ့ ဂျိုဟျွန်းဝူဆိုတဲ့ကောင်လေးဟာ အလုပ်ကအပြန် ဆိုင်ကယ်မောင်းရင်း သူ့အမေနဲ့ဖုန်းပြောလာခဲ့ပါတယ်။ ဒီလိုနဲ့ လမ်းဆုံတစ်နေရာမှာ လူတစ်ယောက်ကိုတိုက်မိမလိုဖြစ်ပြီး ဆိုင်ကယ်လဲကျသွားခဲ့ပါတယ်။ ဒီလိုနဲ့ သူ့ဆိုင်ကယ်လဲသွားတဲ့နားမှာ တက္ကစီတစ်စီးရှိပြီး အဲဒီယာဉ်မောင်းကတော့ အသတ်ခံထားရတာပါ။ နေရင်းထိုင်ရင်း ဆိုင်ကယ်ဘောက်စ်ထဲမှာပါ ဓားတစ်ချောင်းတွေ့လို့ လူသတ်သမားပါဆိုပြီး ထောင်၁၅နှစ် စီရင်ချက်ကျသွားခဲ့ပါတယ်။ ထောင်ကပြန်ထွက်လာတဲ့အချိန်မှာ ရှေ့နေလီဂျွန်ယောင်းနဲ့ဆုံမိပြီး သူ့အဖြစ်တွေကို သိသွားရတဲ့အချိန်မှာ ဘာတွေဆက်ဖြစ်လာမလဲ? ဂျိုဟျွန်းဝူကိုအကွက်ဆင်ခဲ့တဲ့လူတွေကရော ဘယ်သူတွေနဲ့ပတ်သက်နေတာဖြစ်မလဲ ဆိုတာ ဒီကားလေးမှာကြည့်ရှုလို့ရပါပြီ။ ဒီကားလေးမှာ Kang Ha Neulက ဂျိုဟျွန်းဝူနေရာကနေ ပါဝင်သရုပ်ဆောင်ထားပါတယ်။ ဒီကားကိုအညွှန်းနဲ့ဘာသာပြန်ဆိုသူကတော့ Huihui ဖြစ်ပါတယ်။