6.2
1,370
...

Video Quality

Blu-ray 1080p

Audio Quality

DTS 5.1

File Size

4 GB

Credit

200

Steel Rain 2 (2020)

Action, Drama, Thriller

Credits 200

ဒီကားလေးကတော့ ၂၀၂၀ခုနှစ်က ထွက်ရှိခဲ့တဲ့ စိတ်ကူးယဥ် သည်းထိတ်ရင်ဖို အက်ရှင်ကားလေးပဲဖြစ်ပါတယ်။ ကိုရီးယားကျွန်းဆွယ်မှာ တင်းမာမှုတွေနဲ့ စစ်ဖြစ်လုနီးပါး အခြေအနေရှိနေချိန် မြောက်ကိုရီးယား အမေရိကန်နဲ့ တောင်ကိုရီးယား ခေါင်းဆောင်တွေက မြောက်ကိုရီးယား ဝန်ဆန်းမှာတွေ့ဆုံပြီး မြောက်ကိုရီးယား နျူကလီးယားပြဿနာနဲ့ ငြိမ်းချမ်းရေး သဘောတူစာချုပ်အတွက် ဆွေးနွေးခဲ့ကြတယ်။ ဒါပေမဲ့ အဲဒီလို ဆွေးနွေးနေကြချိန်မှာ နျူကလီးယားလက်နက် စွန့်လွှတ်ပြီး ငြိမ်းချမ်းရေးစာချုပ်မှာ လက်မှတ်ရေးထိုးမှာကို မလိုလားတဲ့ မြောက်ကိုရီးယား အကြီးပိုင်းအရာရှိတစ်ယောက်က အာဏာသိမ်းလိုက်ပြီး သုံးနိုင်ငံခေါင်းဆောင်တွေကို ရေငုပ်သင်္ဘောပေါ် ဖမ်းဆီးခေါ်ဆောင်သွားခဲ့တယ်။ အဲဒီအခြေအနေကို ဖြေရှင်းဖို့ သက်ဆိုင်ရာနိုင်ငံတွေက ကြိုးစားရင်း ထင်မှတ်မထားတဲ့ လျှို့ဝှက်ကြံစည်မှုကြီး ပေါ်လာတဲ့အခါ... နိုင်ငံအချင်းချင်း ကူးလူးဆက်ဆံရာမှာ အမြဲတမ်းမိတ်ဆွေ၊ အမြဲတမ်းရန်သူဆိုတာ မရှိဘူးဆိုတဲ့အတိုင်း ကိုယ့်တိုင်းပြည်အကျိုးစီးပွားနဲ့ ယှဥ်လာရင် မဟာမိတ်အချင်းချင်းလည် မထင်ရင်မထင်သလို နောက်ကျောဓားနဲ့ထိုးတတ်တဲ့သဘောကို ပေါ်လွင်အောင်ရိုက်ကူးတင်ပြထားတာ တွေ့ရမှာပါ။ ဓားစားခံအဖမ်းခံလိုက်ရတဲ့ ခေါင်းဆောင်သုံးယောက် ဘေးကင်းကင်းနဲ့ လွတ်မြောက်နိုင်ပါ့မလား၊ ငြိမ်းချမ်းရေးသဘောတူစာချုပ်ကိုရော အောင်မြင်စွာချုပ်ဆိုနိုင်မှာလားဆိုတာကိုတော့ Steel Rain 2 : The Summit ဆိုတဲ့ ဇာတ်ကားလေးမှာ ရင်တထိတ်ထိတ်နဲ့ ခံစားကြည့်ရှုလိုက်ကြပါဦး။ ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြင်္နသူကတော့ June Rose ဖြစ်ပါတယ်