7.1
86,586
...

Video Quality

Blu-ray 1080p

Audio Quality

DTS HDMA 5.1

File Size

4.5 GB

Credit

500

Fighting with My Family (2019)

Biography, Comedy, Drama

Credits 500

IMDb….7.5,,,,,Rotten….92%ပေ့ဂျ် ဆိုတဲ့ကောင်မလေးဟာ မိန်းကလေးပီပီ တခြားသူတွေလို အချစ်ဒရမ်မာကားလေးတွေကြည့်လှတပတလေးတွေဝတ်ပြီးနေချင်ပုံရတယ်…သို့ပေမယ့် တစ်နေတော့ သူမရဲ့ အဖေနဲ့ အမေရဲ့စီစဉ်မှုကြောင့်နပမ်းပွဲတစ်ခုမှာ ပြိုင်ပွဲမဝင်ချင်ဘဲ ဝင်လိုက်ရတယ်… သူမနဲ့ ယှဉ်ပြိုင်သူကို ကြမ်းပြင်ပေါ်တစ်ချက်ထဲနဲ့မှောက်သွားစေနိုင်မယ့် ဖြတ်ရိုက်ကွက်တစ်ကွက်သုံးလိုက်တယ်… အဲ့ဒီအချိန်မှာ ပွဲကြည့်တဲ့သူတွေရဲ့ ” လုပ်ထားစမ်းကွ….မိုက်တယ်…မင်းသမီးလေး လုပ်ထားစမ်း”ဆိုပြီး လက်ခုပ်သံတစ်ဖြောင်းဖြောင်းက သူမရဲ့စိတ်တွေနဲ့ ဗီဇတွေကို နိုးဆွလိုက်ပုံပေါ်တယ်..ဒီအချိန်မှာဖြစ်သွားတဲ့ ကောင်မလေးရဲ့အပြုံးက နပမ်းပွဲမှာ တိုက်ခိုက်ရတာ ငါ့အတွက်ကျေနပ်ဆုံးသောအရာပါ့လားဆိုတာကိုသိပ်လိုက်ရတဲ့အပြုံးမျိုး….ငယ်ငယ်တုန်းက SmackDown လို့ အခေါ်များတဲ့ WWE နပမ်းပွဲတွေကို အတော်များများကြည့်ဖူးကြမှာပါ။..အားလုံးလည်း အနည်းဆုံးတစ်ယောက်ကိုတော့ သဘောကျဖူးမှာပါပဲ…. The Rock, Undertaker, John Cena စသည်ဖြင့်ပေါ့။ ဒီရုပ်ရှင်ကတော့ WWE ရဲ့နာမည်ကျော် ဗြိတိန်အမျိုးသမီးနပမ်းသမား ပေ့ဂျ် အကြောင်းကို ရိုက်ကူးထားတာဖြစ်ပါတယ်….သူတို့မိသားစုဟာ အခြေခံမိသားစုဖြစ်ပြီးဒီလောကထဲမှာ အတော်ရုန်းကန်ခဲ့ရပါတယ်… ခပ်ကြောင်ကြောင်မိသားစုလို့ခေါင်းစဉ်တပ်ခံရတဲ့အပြင်တကယ့်တကယ်မှာတော့ အခက်အခဲပေါင်းများစွာ သူတို့မိသားစုရင်ဆိုင်ခဲ့ရပါတယ်…သူတို့ဘယ်လိုရုန်းကန်ခဲ့ရလဲ…ဒီလောကဟာ ဘယ်လိုပုံစံမျိုးလဲခံစားကြည့်ရှုလိုက်ကြရအောင်…လက်ရှိ IMDb 7.5 ရှိပြီး Rotten …92%ရရှိထားလေတော့ ကောင်းမကောင်း ဆုံးဖြတ်စရာမလိုတော့ဘူးထင်တယ်..ဘယ်အချိန်ကြည့်ဖြစ်မလဲပဲဆုံးဖြတ်ရမယ်ထင်တယ်..မင်းသမီးချောလေး Florence Pugh အဓိက ပါဝင်သရုပ်ဆောင်ထားပါတယ်…