7.6
419,084
...

Video Quality

Blu-ray 1080p

Audio Quality

DTS 5.1

File Size

4.8 GB

Credit

200

The Godfather Part III (1990)

Crime, Drama

Credits 200

The Godfather ရုပ်ရှင်ကို ယနေ့ ဥရောပ နိုင်ငံတချို့ရဲ့ စာသင် ကျောင်းတွေမှာ ၉-တန်း၊ ၁၀-တန်း ကျောင်းသားတွေအတွက် နိုင်ငံ ရေးသိပ္ပံ သင်ခန်းစာအတွင်း ထည့်သွင်း ဆွေးနွေးနေကြပါတယ်။ မြန်မာ ရုပ်ရှင်ကြည့် ပရိတ်သတ်အတွက်တော့ ဒီရုပ်ရှင်ကားဟာ မားဖီးယား ဒုစရိုက်ဂိုဏ်းကို မိသားစု အဆက်ဆက် လက်ဆင့်ကမ်း အာဏာယူတယ်လို့ အကြမ်းဖျဉ်း သတ်မှတ်တဲ့သူ များပါတယ်။ ညီအကို အရင်းအခြာ အချင်းချင်း၊ မိတ်ဆွေ အပေါင်းအသင်း အချင်းချင်း သတ်ဖြတ်မှုတွေ ရုပ်ရှင် ဇာတ်လမ်းအတွင်း ပါဝင်လို့ ဘာသာတရား ကိုးကွယ်ယုံကြည်သူများကတော့ သဘော မကျ ဘူးလို့ ဆိုကြပါတယ်။ တကယ်တော့ ဒီရုပ်ရှင်ကားဟာ The Godfather Part I – 1972 The Godfather Part II – 1974 The Godfather Part III – 1990 တို့မှာ အမေရိကန် ရုပ်ရှင်လောက က ရိုက်ကူးခဲ့ပြီး ကမ္ဘာအရပ်ရပ် က ရုပ်ရှင်ကြည့် ပရိတ်သတ်တွေရဲ့ အသဲစွဲ ရုပ်ရှင်ပါ။ ကမ္ဘာ့အရပ်ရပ်က နိုင်ငံရေးသမားတွေ၊ စီးပွားရေး အကျော်အမော် တွေ၊ ပညာရှင် တချို့ဆိုရင် ကိုယ်ပိုင်ခွေအဖြစ် ဝယ်ယူ သိမ်းဆည်း ပြီး နှစ်ပတ် တစ်ကြိမ်၊ တစ်လ တစ်ကြိမ်လောက် ထပ်ခါတလဲလဲ ကြည့် ရှုတယ်လို့ မှတ်တမ်းများက ဆိုပါတယ်။ ဒါဆိုရင် ဒီလောက် ရက်စက် မှုတွေပါဝင်တဲ့ ဒီရုပ်ရှင် ဇာတ်လမ်းအတွဲဟာ စာသင်ခန်းထဲကို ဘာ ကြောင့်များ ရောက်လာသလဲလို့ မေးခွန်းထုတ်စရာ ရှိပါတယ်။အခြေခံပညာ အထက်တန်းကျောင်းတွေမှာ နိုင်ငံရေး သိပ္ပံ ဘာသာရပ်ကို သင်ကြားပေးတဲ့ ကျောင်းဆရာများရဲ့ အဖြေက … ဟုတ်ပါတယ်၊ ဒီဇာတ်လမ်းအတွင်း ရက်စက်မှုတွေ၊ ကြေကွဲ မှုတွေ အပြည့်နီးပါး ပါဝင်ပါတယ်၊ ညီအကို အရင်းအခြာ အချင်းချင်း၊ မိတ်ဆွေ အချင်းချင်း၊ ဘာသာရေးခေါင်းဆောင်တွေကို လက်နက် အသုံးပြုပြီး မိမိအကျိုးစီးပွားအတွက် ဥပဒေဘောင်အပြင်ကနေ အကွက်ချ ရက်ရက်စက်စက် သတ်ဖြတ်တာတွေ ဒီရုပ်ရှင်မှာ ရှိပါတယ် …. သို့ပေမယ့် …. မိသားစုတစ်စုကို ဦးဆောင်သူ၊ မျိုးဆက်တစ်ခုရဲ့ အနာဂတ်ကို ဦးဆောင်ပြီး ဆုံးဖြတ်ရဲတဲ့ အတွေးအခေါ်တွေ၊ ရဲရင့်ပြီး ပြတ်သား တဲ့ စရိုက်လက္ခဏာတွေလည်း ဒီဇာတ်လမ်းမှာ ပါဝင်ပါတယ်၊ အန္တရာယ် ဖြစ်လာစေမယ့် ပြိုင်ဖက်တွေ၊ သစ္စာဖောက်တွေ၊ ပြီးတော့ အလုပ်မှာ တာဝန်မကျေတဲ့ သွေးသားအရင်းအခြာတွေ အဖွဲ့အစည်း တွေကို ဘယ်လို ယှဉ်ပြိုင် အနိုင်ယူရမလဲဆိုတဲ့ အတွေးအခေါ် လည်း ပါဝင်ပါတယ်၊ ဘာသာတရား ကိုးကွယ်ယုံကြည်မှုတွေနဲ့ တိုင်တာပြီး ဆုံးဖြတ်မယ် ဆိုရင်တော့ ဒီရုပ်ရှင်ဟာ ဆိုးဝါးမှာ ပါ၊ ဘယ်လိုပဲဖြစ်ဖြစ် နိုင်ငံရေးသိပ္ပံ သင်ခန်းစာအတွက်တော့ ဒီရုပ်ရှင်ဟာ တော်တော်ကိုး အသုံးဝင်ပါတယ် … လို့ ဆိုကြပါတယ်။ယနေ့ အနောက်ကမ္ဘာရဲ့ ဘာသာတရား ကိုးကွယ်ယုံကြည် သူ အရေအတွက် လျင်မြန်စွာ ကျဆင်းလာမှုတွေ အကြား စီးပွားရေး ရပ်တန့်နေမှုတွေ၊ စီးပွားရေး ရိုက်ခတ်မှုတွေကို နောင်အနာဂတ်မှာ ရင်ဆိုင် ဖြေရှင်းရမယ့် ကျောင်းသားလူငယ် တွေရဲ့ စာသင်ခန်းထဲမှာတော့ The Godfather ရုပ်ရှင်ဟာ မားမားမတ်မတ် အောင်ပွဲခံလျက် ရှိပါတယ်။