6.4
63,578
...

Video Quality

Blu-ray 1080p

Audio Quality

DTS 5.1

File Size

3.2 GB

Credit

200

New Nightmare (1994)

Fantasy, Horror, Mystery

Credits 200

Nightmare on Elm Street ရဲ့နောက်ဆက်တွဲရုပ်ရှင်တွေ ဆက်တိုက်လာပြီး 1994 မှာ ပုံစံအသစ်နဲ့ ထပ်ထွက်ခဲ့ပါတယ်။ မူလဇာတ်လိုက်ကြီး ဖရက်ဒီနဲ့ နန်စီကတော့ မပါမဖြစ်ပေါ့။ ဒီဇာတ်အိမ်မှာတော့ ရှေ့က အပိုင်းတွေအားလုံးက ဟယ်သာဆိုတဲ့ သရုပ်ဆောင်က နန်စီအနေနဲ့ ပါ၀င်ခဲ့တဲ့ ရုပ်ရှင်တွေအဖြစ် ပြောင်းလဲထားပြီး ဟယ်သာနဲ့ ဖရက်ဒီနေရာသရုပ်ဆောင်တဲ့ ရောဘက်တို့က အောင်မြင်မှုတွေ အသီးသီးရထားပါတယ်။ လက်ရှိမှာ ဟယ်သာက အမျိုးသားနဲ့ ဒစ်လန်‌ဆိုတဲ့သားလေးရှိနေပြီး အမျိုးသားချေ့စ်က Horror movie တွေအတွက် အထူးပြုလုပ်ချက်တွေဖန်တီးပေးတဲ့သူပါ။ ထုံးစံအတိုင်း ဟယ်သာက အိပ်မက်ဆိုးတွေ မကြာခဏမက်နေတုန်းပါ။ ရှေ့ပိုင်းက အောင်မြင်မှုအရှိန်နဲ့ Nightmare ရုပ်ရှင်ကို ပရိသတ်တွေက တောင်းဆိုကြတဲ့အခါ နောက်ဆုံးတစ်ကား ထပ်ရိုက်ဖို့ ဟယ်သာကို ကမ်းလှမ်းပါတော့တယ်။ ဟယ်သာက နန်စီ့နေရာယူရမလားဗျာများနေပြီး ခင်ပွန်း ချေ့စ်ကပါ ဖရက်ဒီလက်ချက်ကြောင့် သေဆုံးသွားတဲ့အခါ...သေသွားပြီဖြစ်တဲ့ ဖရက်ဒီ ဘယ်လိုပြန်ရောက်လာမလဲ...သားလေးကို အိပ်မက်ဆိုးကနေ ဘယ်လိုကယ်တင်မလဲဆိုတာကို...ဆက်လက်ရှုစားနိုင်ပါပြီ။ ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်သူကတော့ Shune Lai KK ဖြစ်ပါတယ်။