မွေးကတည်းက အကြောဆွဲရောဂါ (Tourette's Sydrome)ကို ခံစားနေခဲ့ရတဲ့ 'နိုင်နာ'ဆိုတဲ့မိန်းကလေးဟာ ငယ်စဉ်တည်းက ကျောင်းဆရာမတစ်ယောက်ဖြစ်ချင်ခဲ့ပြီး အရွယ်ရောက်လာတော့လဲ ကျောင်းဆရာမအလုပ်ရဖို့ကြိုးစားခဲ့ပါတယ်။ အကြောဆွဲရောဂါရှိနေတဲ့ ဆရာမကိုဘယ်သူကမှမခန့်ချင်တာကြောင့် ကျောင်းပေါင်းဆယ့်နှစ်ကျောင်းဆီက အငြင်းခံခဲ့ရပေမဲ့ အကြောဆွဲရောဂါကြောင့် အားငယ်မနေပဲ ဆက်ကြိုးစားတဲ့အခါ ဆယ့်သုံးကျောင်းမြောက်ကျောင်းမှာတော့ ကျောင်းဆရာမလုပ်ခွင့်ရသွားခဲ့ပါတယ်။ အကြောဆွဲနေတဲ့ဆရာမဖြစ်တဲ့အတွက် ကျောင်းကလူတွေသူ့ကိုဝိုင်းလှောင်ကြပေမယ့် 'နိုင်နာ'ကတော့ ဇွဲမလျှော့ပဲ သူသင်ကြားပေးရမယ်ဆိုတဲ့ တစ်ကျောင်းလုံးက အထင်သေးနေခဲ့တဲ့ကိုးတန်းအက်ဖ်ခန်းကိုထူးချွန်ကျောင်းသားဆုတံဆိပ်ရအောင် သူလုပ်ပေးနိုင်ဖို့ ကြိုးစားခဲ့ပါတော့တယ်။ ကြိုးစားရင်းပြဿနာတွေနဲ့ပိုပိုရင်ဆိုင်လာရတဲ့ အခြေအနေမှာ'နိုင်နာ'တစ်ယောက် ဘယ်လိုဆက်လုပ်မလဲ။ ဒီဆိုးသွမ်းလှတဲ့ကျောင်းသားတွေကို ဆုတံဆိပ်ရအောင်သင်ပြပေးနိုင်ပါ့မလား။ ဆရာတစ်ယောက်ရဲ့မေတ္တာနဲ့အတူ ကျောင်းသားတွေရဲ့ဆရာ့အပေါ်လေးစားမှုတွေကို ပေါ်လွင်အောင်ရိုက်ကူးထားတာမို့ ကြည့်ရှုသင့်တဲ့ဇာတ်ကားလေးတစ်ကားပါပဲ။
ဤဇာတ်ကားကိုအညွှန်းရေးပေးပြီး ဘာသာပြန်ပေးသူမှာ Zen ဖြစ်ပါတယ်။