တစ်ခါတလေမှာ ကိုယ့်ဘက်ကနေစေတနာထားပြီးအကောင်းဆုံးဖြစ်အောင်ကြိုးစားပေးကြတဲ့သူတွေကို လူတိုင်းက အပြစ်တင်ပြီးလျစ်လျူရှုခံရတာမျိုးတွေရှိတတ်ကြတယ်မဟုတ်လား... တကယ့်စိတ်အရင်းမှန်သာဆို တနေ့မှာစေတနာပီတိအကျိုးရလဒ်ကိုခံစားရမှာမလွှဲဧကန်ပါရှင့်...
ဇာတ်လမ်းအကျဥ်းလေးကတော့...
လောကကြီးမှာအရာရာပြည့်စုံတဲ့သူဆိုခပ်ရှားရှားပါ.. မိသားစုအခြေအနေကြောင့်လူတယောက်ရဲ့ဘဝဟာအများကြီးပြောင်းလဲမှာကိုဖြစ်ပေါ်စေနိုင်ပါတယ်.. ဒီဇာတ်လမ်းဟာဆိုရင်ဖြင့် စစ်တက္ကသိုလ်အဖွဲ့ဝင်ဟောင်းချန်းရှားဟာ သူငယ်ငယ်ကတက်ရောက်ဖူးတဲ့ကျောင်းလေးကို ဆရာအဖြစ်နဲ့တဖန်ပြန်ရောက်လာပါတော့တယ်.... ဆိုးသွမ်းလွန်းတဲ့
အတန်း6B ကကလေးတွေကို ဘယ်လိုမျိုးသင်ကြားပေးမလဲ ကလေးတွေရဲ့ဆိုးသွမ်းမှုကရောဘာတွေကြောင့်ဖြစ်နိုင်မလဲ...ဆိုတာကိုတော့..ဇာတ်လမ်းလေးကြည့်ရင်း အကျိုးရှိတဲ့အဖြေတစ်ခုရရှိနိုင်မှာမလို့... မိဘတွေရော ဘဝလမ်းပျောက်နေတဲ့လူငယ်တွေရောကြည့်သင့်တဲ့ဇာတ်ကားလေးပါနော်...
ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်သူကတော့ Error ဖြစ်ပါတယ်။